School Bus ပြေးဆွဲမည့်ကိစ္စ ကျောင်းသားမိဘအများစု သဘောမတူ သားသမီးများသည် အစမ်းသပ်ခံမဟုတ်ဟုဆို

0

Full article

![](/redline/content/images/2017/05/22-300x158.jpg)

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် School Bus ပြေးဆွဲမည့်ကိစ္စအား ကျောင်းသားမိဘ အများစုက သဘော မတူကြောင်း သိရပါတယ်။

လာမည့် ၂ဝ၁၇ – ၁၈ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် School Bus များဖြင့် ကျောင်းတက်စေရေး ကိစ္စရပ်နှင့် ပတ်သက်၍ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း ကမာရွတ် TTC တွင် ကျောင်း တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများ တွေ့ဆုံရာတွင် ကျောင်းသားမိဘ အများစုက သဘောမတူကြောင်း ပြောကြားခဲ့ကြခြင်း ဖြစ်ပါတယ်။ "အကောင်းဆုံး အကြံဥာဏ် ပေးချင်တာကတော့ ဖြစ်နိုင်တာကို အရင်စဉ်းစားပါ။ တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်သူတာဝန်ယူမှာလဲ။ အခု YBS ဘယ်သူ တာဝန်ခံနေသလဲ၊ YBS မှာ ပြည်သူလူထု တော်တော်များများ ဒုက္ခရောက်နေတယ်၊ ဒါပေမယ့် အဲ့ဒီလိုစနစ်ကြီးထဲမှာ ကျွန်မတို့ သားသမီးတွေကို အရင်းအနှီး မလုပ်နိုင်သေးပါဘူး။ ကျွန်မတို့ရဲ့ သားသမီးတွေ အစမ်းသပ်ခံမဟုတ်ပါဘူး" လို့ ကျောင်းသားမိဘ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် School Bus များ ကျောင်းကြပို့ပြုလုပ်သည့် စနစ်စီစဉ်ထားရှိသွားရန် ကိစ္စနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်စေသည့် ကျောင်း ၂၆ ကျောင်းမှ တာဝန်ရှိသူများကို ခေါ်ယူဆွေးနွေး ခဲ့ပြီးနောက် ကျောင်းတာဝန်ရှိသူများနှင့် ကျောင်းသားမိဘမျာ့း တွေ့ဆုံဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ခေတ်သစ်

Photo Credit

Author