Straits Times မဂ္ဂဇင်း၏ တစ်နှစ်တာအကောင်းဆုံး ကားဆုအတွက် BMW i8 ကိုရွေးချယ်

0

Full article

စင်္ကာပူအခြေစိုက် မဂ္ဂဇင်းဖြစ်သော Straits Times မဂ္ဂဇင်းမှ နှစ်စဉ်ရွေးချယ်နေကျဖြစ်သော ST Car of the Year ဆုအတွက် BMW i8 ကို ရွေးချယ်လိုက်ကြောင်း သိရပါတယ်.။

Plug-in Hybrid ခေါ် ပလပ်တပ်ဆင်ပြီး မောင်းနှင်နိုင်တဲ့ လျှပ်စစ် Hybrid ကားဖြစ်တဲ့ BMW i8 ဟာ တည်ဆောက်မှု နည်းပညာရော ဒီဇိုင်းပိုင်းမှာပါ အကောင်းဆုံးဖြစ်တဲ့အတွက် ST Car of the Year အဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ကြောင်း Straits Times မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်.။

BMW i8 ဟာ 1.5 liter သုံး ဆလင်ဒါသုံးလုံးထိုး အင်ဂျင်ကို အသုံးပြုထားပြီး 100 kmh ကို 4.4 စက္ကန့်အတွင်း ရောက်ရှိနိုင်တဲ့အတွက် လျှပ်စစ်ကားတွေထဲမှာ တော်တော်လေးမြန်တဲ့အင်ဂျင်ကို အသုံးပြုထားတာဖြစ်ပါတယ်.။ ဒါ့အပြင် ကားကို ပေါ့ပါးတဲ့ carbon-fibre တွေတပ်ဆင်ထားတဲ့အတွက် အလေးချိန်အလွန်ပေါ့ပါးပြီး 96KW ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ်မော်တာကြောင့် မြင်းကောင်ရေ 360 ကောင်အားအထိ ရောက်ရှိနိုင်မှာဖြစ်ပါတယ်.။

Straits Time ရဲ့ ဒီနှစ်အတွက် Top 10 စာရင်းဝင် ကားများကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်.။

Ref: Strait Times

Author