Full article

နယ်လိုင်စင် တက္ကစီပါမစ်တစ်စောင်လျှင် ကျပ် တစ်သိန်းဝန်း ကျင်သာရှိသော်လည်း ဝယ်ယူမည့်သူမရှိ ဖြစ်နေကြောင်း ကားအရောင်းစင်တာပိုင်ရှင်များထံမှ သိရသည်။ AYA-Change

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ နယ်လိုင်စင်တက္ကစီများကို ပြေးဆွဲခွင့် မပြုတော့သည့်နောက်ပိုင်းတွင် ထိုကားများ၏ ဈေးနှုန်းသည် သိန်းနှစ်ဆယ်ဝန်းကျင်ခန့် ကျဆင်း သွားခဲ့ပြီး ပါမစ်များလည်း ဝယ်လက် ပျောက်ဆုံးသွားခဲ့သည်။ "ရန်ကုန်တက္ကစီပါမစ် တစ်စောင်ရဲ့ ပေါက်ဈေးက သိန်းနှစ်ဆယ်ဝန်းကျင်မှာရှိပေမဲ့ နယ်လိုင်စင် တက္ကစီပါမစ် တွေကိုတော့ တစ်သိန်းဝန်းကျင်နဲ့ ရောင်းတာတောင် ဝယ်မယ့်သူမရှိ ဖြစ်နေပါတယ်၊ နံပါတ်ထွက်ပြီးသား နယ်လိုင်စင်တက္ကစီတွေကို သိန်းနှစ်ဆယ်လောက် အရှုံးခံပြီး ရောင်းတာတောင် ဘယ်သူမှမဝယ်ကြပါဘူး၊ တစ်ခါတလေ နယ်အဝယ် တွေဆင်းလာမှသာ ဈေးသက်သာတယ်ဆိုပြီး ဝယ်ယူကြတာဖြစ်ပါ တယ်"ဟု 'မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်း' ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောကြားခဲ့သည်။ နယ်လိုင်စင်တက္ကစီကားများ တင်သွင်းရန်အတွက် ပါမစ်လျှောက်ထားသော ကုမ္ပဏီများသည် လည်းကားများကို ဆက်လက် မတင်သွင်းတော့ဘဲ ပါမစ်များကိုသာ အရှုံးခံပြီးရောင်းချနေကြောင်း ကားတင်သွင်းသူများထံမှ သိရှိရသည်။ ဈေးကွက်အတွင်း ဖြစ်ပေါ်နေ သော နယ်လိုင်စင် တက္ကစီဈေးများမှာ Suzuki Alto ၊ Suzuki Solio နှင့် Nissan March ကား များကို ကျပ် ၅၅ သိန်းမှ သိန်း ၆ဝ ဝန်းကျင်၊ Probox ၊ AD Van ကား များကို သိန်း ၇ဝ မှ ၇၅ သိန်းဝန်းကျင်အထိ ဈေးနှုန်းလျှော့ချ ရောင်းချလျက်ရှိကြောင်း ကား ဝယ်/ရောင်းများထံမှ သိရသည်။

Ref: Automobile

Author