ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု ကိစ္စနှင့် ခရီးသည်ယာဉ်များ ကိုင်တွယ်ရန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ စတင်ဖွဲ့စည်း

0

Full article

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများနှင့် ခရီးသည်တင်ယာဉ်လိုင်းများကို စီမံ ကိုင်တွယ်ရန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဇူလိုင်လ ၈ရက်နေ့မှ စ၍ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ အဖွဲ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ပညာရှင်များ ပါဝင်၍ အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ နာယကဖြစ်ပြီး ဥက္ကဌအဖြစ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ တာဝန်ယူမည်ဖြစ်ရာ မထသကိုလည်း ဖျက်သိမ်းသွားမည်ဖြစ်သည်။

ယင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အနေဖြင့် ခရီးသည်ယာဉ်များ စည်းကမ်းတကျ သွားလာမှုများကို ကိုင်တွယ်မည်ဖြစ်ရာ အရေးယူမှုအပိုင်းများကိုလည်း တိတိကျကျလုပ်ဆောင်မည်ဖြစ်သည်။

ခေတ်သစ်

Author