Full article

ရန်ကုန်မြို့တွင် ပြိုင် ကားများ အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်ပွားနေခြင်းကြောင့် ပြိုင်ကား အမျိုးအစားအချို့ကို ပြည်ပမှတင်သွင်းခွင့် ရပ်ဆိုင်းလိုက်သဖြင့် ပြိုင်ကားမောင်းနှင်သူ လူငယ်များ မကျေမနပ်ဖြစ်နေကြောင်း သတင်းရရှိသည်။

Sport-Cars

''ကလေးတွေက ရမ်းကားမှု တွေဖြစ်နေတယ်။ ဒါကြောင့်တချို့ကို ရပ်ဖို့လုပ်နေတာ''ဟု စီးပွားကူးသန်း ရောင်းဝယ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။၂ဝဝ၉မှ ၂ဝ၁၄ မော်ဒယ်များအထိ နာမည်ကြီးပြိုင်ကားအမျိုး အစားများပါဝင်ပြီး အမှတ်တံဆိပ် ၃ဝကျော်၊ မော်ဒယ် ၅၇မျိုးကို ဌာနက မြန်မာနိုင်ငံသို့ တင်သွင်းခွင့် ခေတ္တရပ် ဆိုင်းလိုက်ကြောင်း မတ်လ၂၆ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ တင်သွင်းခွင့် ရပ်ဆိုင်းလိုက်သည့် ကားများ မှာ ရန်ကုန်တွင် လူစီးများသည့် GTE, Sky Line, RoadStar, Ferrari, Fair Lady ကားအမျိုးအစား အများစုပါဝင်လာ၍ ရန်ကုန်မြို့မှ ပြိုင်ကားမောင်းနှင်သူ လူငယ် ဝါသနာရှင်များ ကလည်း စိုးရိမ်နေကြသည်။ ''စည်းကမ်းဖောက်နေတာ ကျွန်တော်တို့ ပြိုင်ကားတွေချည်းဘဲ မဟုတ်ပါဘူး။ ကားတွေအား လုံးဖောက်နေကြတာပဲ။ ခုလို လုပ် လိုက်တာကိုတော့ အစိုးရကိုသိပ် နားမလည်ဘူး။ ခိုင်လုံတဲ့ အကြောင်းပြချက်မပေးနိုင်ဘူး'' ဟု ပြိုင်ကားမောင်းနှင်နေသူဝါသနာ ရှင် ကိုရဲနိုင်မြင့်က ပြောကြား သည်။ ယခင်စစ်အစိုးရ လက်ထက်က လူတန်းစားတစ်ခုသာ စီးနင်းနိုင်ခဲ့သည့် ပြိုင်ကားများသည်ယခု အစိုးရလက်ထက်တွင်သိန်းတစ် ရာကျော်နီးပါးဖြင့် အများစုက ဝါသနာ အရ ဝယ်ယူစီးနင်းနိုင်ပြီဖြစ်ပြီး ယခုကဲ့သို့ အစိုးရ၏ ကန့်သတ်မှုအပေါ် ပြိုင်ကားဝါသနာရှင် လူငယ်များက မချိတင်ကဲ ပြောဆိုနေကြသည်။ ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ပြိုင်ကားမောင်းနှင်သူ လူငယ်အချို့နှင့် အငှားယာဉ်မောင်းတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ပြိုင်ကား မောင်းနှင်သူများကို သက်ဆိုင်ရာက အရေးယူဆောင် ရွက်မှုများလည်း မြင့်တက်လာခြင်းဖြစ်သည်။ ရန်ကုန်နှင့် မြို့ကြီးများတွင် ပြိုင်ကားစီးနင်းသူ လူငယ်များက စုစည်းပြီး ကလပ်အသင်းများစုစည်းကာ ဖွဲ့စည်းထားသည့် အဖွဲ့များ ပေါ်ပေါက် နေပြီဖြစ်ပြီး တရားဝင်ပြိုင်ကားကွင်းများ ရရှိရေး၊ ပြိုင်ကား အားကစားများ ပေါ်ပေါက်လာရေး ကြိုးပမ်းနေချိန်တွင် ယခုလိုကန့်သတ်ခြင်းအပေါ် မကျေနပ်ကြောင်း ပြိုင်ကား မောင်းနှင်သူ အချို့ဆိုသည်။ ''ပြိုင်ကားတွေနဲ့ဖြစ်တဲ့ ပြသနာတိုင်း ကျွန်တော်တို့အလွန်ကြီးပဲ ပြောကြတယ်။ ခုလို လုပ်လိုက်တာက ဘာကြောင့်လဲ ဆိုတဲ့သက်ဆိုင်ရာ လူကြီးတွေဆီက ခိုင်လုံတဲ့အကြောင်းပြချက် မပေးတဲ့အတွက် ဒီလိုတင်သွင်းခွင့် ပိတ်ပင်တာကို ကျွန်တော်နားမလည်ဘူး''ဟု လက်ရှိ FairLady ပြိုင်ကားမောင်းနှင်သူ လူငယ်ကိုစိုးဇေယျာမြင့်က ပြောသည်။ ထို့အပြင် ကမ္ဘာကျော်နာမည်ကြီးကားကုမ္ပဏီများ ရန်ကုန်မြို့တွင် အရောင်းပြခန်းများလာရောက် ဖွင့်လှစ်ချိန် ၌ ယင်းကဲ့သို့ ပြိုင်ကား အသစ်များ တင်သွင်းနေသည့် ကုမ္ပဏီများအနေဖြင့် ပြည်ပမှတင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းကို ၎င်းတို့အနေဖြင့် မသိရှိရသေးကြောင်း ကားအရောင်း ပြခန်းပိုင်ရှင်များက ပြောကြားသည်။

Ref :7daily

Author