ပြည်ပတင်သွင်းယာဉ်များ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်း လျှော့ချရန် ပြည်ထောင်စုလွတ်တော်တွင် ယနေ့အတည်ပြု

0

Full article

ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များအနက် အင်ဂျင်ပါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိ ကားများကို အထူးကုန်စည်ခွန် ၂ဝ ရာခိုင်နှုန်း ကောက်ခံနေရာမှ ၁ဝ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံရန် မတ်လ ၂ဝ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွတ်တော်တွင် အစည်းအဝေးတွင်အတည်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ပတင်သွင်းယာဉ်များကို အင်ဂျင်ပါဝါ ၁၅ဝဝ စီစီမှ ၂ဝဝဝ စီစီအထိ ကားများကိုသာ အထူးကုန်စည်ခွန် ၂ဝ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်း အထိ ထက်ဝက်လျှော့ချ ကောက်ခံသွားရန် ပြည်ထာင်စုလွတ်တော်တွင် အတည်ပြုလိုက်ရာ အင်ဂျင်ပါဝါအမြင့် ဇိမ်ခံကားများကိုမူ ယခင်ကောက်ခံနေသည့် အထူးကုန်စည်ခွန်အတိုင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

"ပြည်ပတင်သွင်းယာဉ်ကို အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်း လျှော့ချလိုက်တာကို ပြည်ထောင်စုလွတ်တော်မှာ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံတော်ပိုင်သတင်းစာမှာ တရားဝင်ကြေငြာပေးပါမယ်။ "ဟု ပြည်တွင်းအခွန်များဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိ ၂ဝ၁၇ ပြည်ထောင်စုအခွန်ကောက်ဥပဒေတွင် ပြည်ပမှတင်းသွင်းလာသည့် မော်တော်ယာဉ်များကို အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိကားများကို ၂ဝ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂ဝဝ၁ စီစီမှ ၄ဝဝဝ စီစီအထိ ယာဉ်များကို ၃ဝ ရာခိုင်နှုန်း ၊ အင်ဂျင်ပါဝါ ၄ဝဝ၁ စီစီအထက်နှင့် ယာဉ်များကို ၅ဝ ရာခိုင်နှုန်းကောက်ခံနေလျက်ရှိကြောင်း သိရပါသည်။

Policy
Breaking News

Author