အံ့အားသင့်စရာ Sony မှထုတ်လုပ်တော့မယ့် လျှပ်စစ်မော်တော်ကား

0

Full article

ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက smartphone လောကမှာ အချိန်တိုအတွင်း ရေပန်းစားလှတဲ့ Xiaomi (ရှောင်မီ) ဟာ တရုတ်မော်တော်ယာဉ်ထုတ်လုပ်ရေး FAW နဲ့ ပူးပေါင်းပြီး Xiaomi Redmi Car ဆိုပြီး မော်တော်ကားတစ်မျိုးထုတ်လုပ်ခဲ့ကြတယ်။ ဒီနှစ်အတွက် Smartphone လောက ကနေပြီး မော်တော်ယာဉ်ထုတ်လုပ်ရေးဘက်ကို ခြေလှမ်းအသစ် စတင်လှမ်းလိုက်သူကတော့ Sony ပါ။

ဒါဟာ တော်တော်ကြီးကို အံ့အားသင့်ဖွယ်ကောင်းပြီး Sony ကတော့ သူတို့ထုတ်လုပ်မယ့်ကားကို Sony Vision-S ဆိုပြီး အမည်ပေးထားတာပါ။ Vision-S ဟာ လျှပ်စစ်စွမ်းအင်သုံးကားဖြစ်ပြီး sedan အမျိုးအစားဖြစ်ပါတယ်။ Sony ဟာ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကျော်ဖျော်ဖြေရေးနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကင်မရာတွေ၊ ရုပ်မြင်သံကြားမျက်နှာပြင်တွေနဲ့ပတ်သက်ပြီး အထူးကျော်ကြားလျက်ရှိနေတာပါ။ Sony ကထုတ်လုပ်တဲ့ Xperia စီးရီး smartphone တွေကလည်း သူ့အချိန်သူ့အခါမှာ တော်တော်ကြီးကိုကျော်ကြားခဲ့ဖူးပါသေးတယ်။

အချက်အလက်တွေအရဆိုရင် Sony ကထုတ်လုပ်မယ့် လျှပ်စစ်မော်တော်ကား Vision-S မှာက အတွင်းနဲ့အပြင် sensors ပေါင်း ၃၃ ခု၊ multiple widescreen displays ၊ 360 audio စနစ် အပြင်ကိုမှ always-on ဆက်သွယ်မှုစနစ်တွေပါဝင်မှာပါ။ အချို့အစိတ်အပိုင်းတွေကိုတော့ BlackBerry နဲ့ Bosch တို့က ထုတ်လုပ်ပေးထားတယ်လို့လည်း ဆိုပါတယ်။ လျှပ်စစ်ကားတစ်စီးအတွက် အဓိက ပါဝါဖြစ်တဲ့ “newly-designed EV platform” ကိုတော့ နာမည်ကျော် automotive supplier Manga က အထောက်အပံ့ပေးထားတာပါ။ Sony ရဲ့အဆိုအရတော့ ဒီ platform ဟာ SUV အမျိုးအစားတွေအတွက်လည်း ပါဝါပေးနိုင်စွမ်းရှိတဲ့အတွက် Sony ရဲ့ SUV အမျိုးအစား မော်တော်ယာဉ်တွေကိုလည်း မကြာခင်တွေ့မြင်လာရနိုင်ဖွယ်ရှိနေပါတယ်။

Vision-S ရဲ့ အပြင်ပိုင်းသဏ္ဌာန်ဟာ အထူးသဖြင့် ရှေ့မီးကြီးတွေရဲ့ပုံစံမှာ Porsche ရဲ့အငွေ့အသက်တွေပါဝင်နေပြီး နံဘေးဒီဇိုင်းကတော့ Tesla Model S ရဲ့ Chief Engineer ဟောင်း Peter Rawlinson တစ်ယောက် CEO အဖြစ်တာဝန်ယူထုတ်လုပ်နေတဲ့ လျှပ်စစ်မော်တော်ကားထုတ်လုပ်ရေး Lucid Motors ရဲ့ Lucid Air စတိုင်နဲ့သွားဆင်ပါတယ်။ အတွင်း dashboard နဲ့ infotainment screen ကတော့ တရုတ် လျှပ်စစ်မော်တော်ကားထုတ်လုပ်ရေး Byton နဲ့ design language ပိုင်းအတူတူဖြစ်ပြီး နောက်လူစီးခန်းအတွက်လည်း screen ကိုယ်စီတပ်ဆင်ပေးထားဦးမှာပါ။

Sony ရဲ့ CEO ဖြစ်သူ Kenichirō Yoshida ကတော့

“ဒီ ရှေ့ပြေးပုံစံကတော့ အနာဂတ် ရွေ့လျားသွားလာရေးအတွက် ကျွန်တော်တို့ရဲ့ ပုံဖေါ်မှုပါပဲ” လို့ဆိုလိုက်ပါတယ်။

Ref: Sony surprises with an electric concept car called the Vision-S by Sean O'Kane

Author