ယာယီရပ်နားထားသော ရထားလမ်းကြောင်းအချို့ ကို ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ အစင်းရေပြန်လည်တိုးချဲ့ ပြေးဆွဲသွားမည်

0

Full article

ယာယီရပ်နားထားသော ရထားလမ်းကြောင်းအချို့ကို ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ အစင်းရေပြန်လည်တိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်များအရသိရသည်။

COVID-19 ကူးစက်ရောဂါကြောင့် မြန်မာ့မီးရထား၏ ရထားလမ်းကြောင်းအချို့ကို ယာယီလျှော့ချပြေးဆွဲခဲ့ရာမှ ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရထားလမ်းပိုင်းများရှိ ရထားအစင်းရေအား လာမည့် ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်များအရသိရသည်။ တိုးချဲ့ပြေးဆွဲပေးသွားမည့် ရထားလမ်းပိုင်းများမှာ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ အမှတ် (၅) အဆန်၊ အမှတ် (၆) အစုန်၊ ရန်ကုန် - မြစ်ကြီးနားလမ်းပိုင်းရှိ အမှတ် (၅၇) အဆန်နှင့် အမှတ် (၅၈) အစုန် ရထား၊ အမှတ် (၄၁) အဆန်ရထားနှင့် အမှတ် (၄၂) အစုန်ရထား၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အမှတ် (၈၁) အဆန်ရထား၊ အမှတ် (၈၂) အစုန်ရထား၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အမှတ် (၇၁) အဆန်ရထား၊ အမှတ်(၇၂) အစုန်ရထား၊ ရန်ကုန် မြို့ပတ်လမ်းပိုင်းရှိ မြို့ပတ်ရထားခရီးစဉ်တွင် ရထား အစင်း ၄၀ မှ ၅၂ စင်းသို့လည်းကောင်း အသီးသီးတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။


ထိုသို့တိုးချဲ့ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာစီးနင်းစေကာ ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

Author