ကုန်ကျစရိတ်သက်သာသောကြောင့် မေတ္တာလှိုင်းရှိကားများ LPG စနစ်များ ထပ်မံတပ်ဆင်ထားကြောင်း 'Powertek Engineering Group'မှ သိရသည်။
ယခင်က မေတ္တာလှိုင်းယာဉ်လိုင်းတွင် LPG စနစ်ကို လေးစီးသာ တပ်ဆင်ထားသော်လည်း ကုန်ကျစရိတ်သက်သာသောကြောင့် ကား ငါးစီး ထပ်မံတပ်ဆင်ထားကြောင်း သိရသည်။ ထို့ပြင် ၈၁-အဝါ၊ ရွှေရန်ကုန်၊ LPG များနှင့် ကြိုပို့ ယာဉ်များတွင်လည်း Taxi စနစ်များ တပ်ဆင်မှုရှိလာကြောင်း သိရသည်။"LPG မှာ အဓိကပြဿနာက ဓာတ်ငွေ့ အရည်အသွေးပါပဲ၊ ကျန်တဲ့ ကား Heat တက်တာ၊ အင်ဂျင်ပါဝါ ထိန်းတာနဲ့ ဆီစား နှုန်းတွေက CNG ထက်သာပါတယ်၊ မေတ္တာလှိုင်းကတော့ LPG ဓာတ်ငွေ့ကို မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ပိုလျှံတာတွေ ဝယ်ယူအသုံးပြုနေလို့ ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး သိပ်ပြဿနာမရှိဘူး၊ စရိတ်ကလည်း CNG နဲ့က တစ်ရက် ၃၃,ဝဝဝ လောက်ကျရင် အခု ၂၂,ဝဝဝ လောက်ပဲ ကျတာကြောင့် တခြားယာဉ်တွေမှာလည်း LPG ကို တိုးချဲ့တပ်ဆင်တာပါ" ဟု မေတ္တာလှိုင်းယာဉ်လိုင်းနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။LPG စနစ် တပ်ဆင်ခများမှာ တစ်စီးလျှင် ခုနစ်သိန်း ခွဲ၊ City Bus တစ်စီးလျှင် ၁၇ သိန်းခွဲဖြင့် တပ်ဆင်နို်င်ပြီး LPG ဓာတ်ငွေ့ကို lP Gas Company နှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့တွင် ဖြည့်နို်င်ကြောင်း သိရသည်။
Ref : Automobile