စင်္ကာပူနိုင်ငံမှ SMRT ကော်ပိုရေးရှင်းက ထိပ်တန်းဇိမ်ခံကားဝန်ဆောင်မှုလုပ်ငန်းကို မြန်မာနိုင်ငံတွင် ၂ဝ၁၈ နှစ်ဆန်း ပိုင်း၌ စတင်လုပ်ဆောင်မည်

0

Full article

စင်္ကာပူအခြေစိုက် SMRT ကော်ပိုရေးရှင်းက ၎င်းပိုင်ဆိုင်သည့် ထိပ်တန်းဇိမ်ခံကားဝန်ဆောင်မှုလုပ်ငန်းဖြစ်သော STRIDE ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီကို မြန်မာနိုင်ငံတွင် ၂ဝ၁၈ ၌ စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၁၂) NOVOTEL ဟိုတယ်တွင် ပြုလုပ်ခဲ့သော မိတ်ဖက်အဖွဲ့အစည်း နှင့် အကျိူးတူ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲကနေ သိရသည်။

ထိုမိတ်ဖက်အဖွဲ့အစည်း အကျိူးတူ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲကို မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူ သံအမတ်ကြီး ရောဘတ်ခြွာက တက်ရောက်ခဲ့ပြီး မိတ်ဖက်ကုမ္ပဏီများဖြစ်သည့် SMRT strides Toyotsu Alliance ဖက်စပ်လုပ်ငန်းတွင် Strides မှ ၆ဝ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး Toyota ကုမ္ပဏီ အုပ်စု၏ အဖွဲ့ဝင်ကုမ္ပဏီ ဖြစ်သည့် Toyota Tusho Asia pacific နှင့် Alliance Urban Transports (AUT) တို့မှ ၂ဝ ရာခိုင်နှုန်းစီပိုင်ဆိုင်မည်ဖြစ်ကြောင်းသိရ သည်။

"SMRT ၏ မြို့ပြသယ်ယူပို့ဆောင်ရေး ကျွမ်းကျင်မှုတွေနဲ့အတူ Toyota Tusho နဲ့ ကျွန်တော်တို့ရဲ့ ုပြည်တွင်း မိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Alliance Urban Transport တို့ဟာ စင်္ကာပူနိုင်ငံမှာ ရရှိတဲ့ ထိပ်တန်း ဇိမ်ခံကား ဝန်ဆောင်မှုများနဲ့ ကားအဌားလုပ်ငန်းများကဲ့သို့ အရည်အသွေးတန်းတူရှိတဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံက ခရီးသွားတွေအတွက် ဝန်ဆောင်မှု ပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဇိမ်ခံကားအမျိုးမျိုးနဲ့ sedans ကားများဖြင့် "Whole Fleet at Your Call" (သင့်ခေါ်ဆိုတာနဲ့ ကားများအားလုံးအဆင်သင့် ) ဟု အမည်ရတဲ့ ဝန်ဆောင်မှုကို မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီများအား Strides က ပေးသွားမှာ ဖြစ်ပါတယ်"ဟု SMRT Taxis and Private Hire Services ၏ အုပ်ချူပ်မှုဒါရိုက်တာ ဖြစ်သူ Mr Tony Heng ကဆိုသည်။

မြန်မာနိုင်ငံတွင် စတင်အကောင်အထည်အဖော်လုပ်ဆောင်မည့် ထိပ်တန်းဇိမ်ခံကားလုပ်ငန်းကို ၂ဝ၁၈ နှစ်ဆန်းပိုင်း တွင် စတင်သွားမှာဖြစ်ပြီး ဂျပန်နိုင်ငံထုတ်ကားများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Author