တပ်မတော်ခန်းမ၌ကျင်းပပြုလုပ်သည့် အာဆီယံ နှစ် (၅ဝ) ပြည့်အထိမ်းအမှတ် Smart Living Expo ပွဲတော် တွင် ရဲနဒီ မှ Suzuki ကားသစ်များကို ခင်းကျင်းပြသ

0

Full article

အာဆီယံ နှစ် (၅ဝ) ပြည့် အထိမ်းအမှတ် အဖြစ် Bagan Hub မှ ဦးစီးကျင်းပသည့် Smart Living Expo ပွဲတော်ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ရှိ တပ်မတော် ခန်းမတွင် သြဂုတ် လ ၁၁ ရက်မှ ၁၃ ရက်များတွင် နံနက် ၉ နာရီမှ စတင်ကာ ညနေ ၅ နာရီ အထိကျင်းပသွားမည် ဖြစ်ကာ အခမ်းအနားသို့ စက်မှုဝန်ကြီး ဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါ်အေးအေးဝင်း ၊ ဦးပြည့်ဖြိုးပိုင် (MD of Bagan Hub Co.,Ltd) ၊ ဦးဇော်ဝင်းမင်း ( UMFCCI ဥက္ကဌ) တို့ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်း Smart Living Expo ပွဲတော် တွင် ရဲနဒီ ကားအရောင်းပြခန်းမှ Suzuki ကားအသစ် Brand New များဖြစ်သည့် Suzuki Ertiga, Suzuki Ciaz နှင့် Suzuki Super Carry Truck ကားအမျိုးအစားများကို ခင်းကျင်းပြသခဲ့ပါသည်။ ထို့အပြင် Suzuki Ertiga အမျိုးအစားကို ဝယ်ယူမည်ဆိုပါက One year check free, Door visor, floor mat နဲ့ back camera တို့ကို၎င်း ၊ Suzuki Ciaz အတွက် One year check free, Door Visor, Floor mat,တို့ကို အထူးလျော့ဈေးများဖြင့် ရောင်းချပေးလျက်ရှိပါသည်။

အာဆီယံ နှစ်(၅ဝ) ပြည့်အထိမ်းအမှတ် အဖြစ် အစိုးရ နှင့် ပုဂ္ဂလိက အကျိုးတူ ပူးပေါင်း ၍ SME ဖွံ့ဖြိုးတိုးတက်ရေး ၊ SME လုပ်ငန်းစုများ အသိပညာ တိုးတက်ရေး နှင့် SME လုပ်ငန်း စုများ၏ ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ဈေးကွက်ဝင်ရောက် နိုင်ရန် ရည်ရွယ် ၍ Smart Living Expo ပွဲတော် ကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Author