လာမည့်နှစ်တွင် စလစ်ကပ်ကားများ မိုဒယ်ခုန်သွားသည့်အတိုင်း ညာမောင်း တင်သွင်းခွင့် ပေးသွား ရန် ရှိ

0

Full article

![width=300](/redline/content/images/2017/07/222-2-300x169.jpg)

_ Photo Credit_

လာမည့်နှစ်တွင် ကားတင်သွင်းရမည့် မိုဒယ်သတ်မှတ်ချက်ထုတ်ပြန်မှူအရ ၂ဝ၁၅ မိုဒယ်မှစ၍ ဘယ်မောင်းကားများတင်သွင်းရန်သတ်မှတ် ထားသော်လည်း စလစ်ကပ်ကားများ မိုဒယ်ခုန်သွားသည့်အတိုင်း ညာမောင်း တင်သွင်းခွင့်ပြုပေးဖွယ်ရှိနေသေးတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါသည်။ ပြည်ပနိုင်ငံတွေကနေ မော်တော်ကားများတင်သွင်းရာတွင် ဘယ်မောင်းအမျိူးများကိုသာ တင်သွင်းရမည်ဟု သတင်းများထွက်ပေါ်နေရာ တစ်ဦးချင်းကားတင်သွင်းမှူနဲ့ Brand New ကားများတင်သွင်းမှူများကို ၂ဝ၁၅ မိုဒယ်မှစပြီး ဘယ်မောင်းများသာတင်သွင်းရမှာဖြစ်ပါတယ်။ သို့သော်လည်း စလစ်ကပ်တင်သွင်းယာဉ်များကို မည်သည့် မိုဒယ်မှ တင်သွင်းရန် မသတ်မှတ် ရသေးဘဲ မိုဒယ်ခုန် လာသော်လည်း ညာမောင်းအမျိူးအစား တင်သွင်းရနိုင်ဖွယ်ရှိသေးတယ်လို့ သိရပါတယ်။ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားတင်သွင်းတာ လာမယ့်နှစ်မှာ ဆက်ပြီးရှိနိုင်ပါသေးတယ်။ ဘယ်နှစ်အထိ မိုဒယ်သတ်မှတ်မယ်ဆိုတာတော့ မဆွေးနွေးရသေးပါဘူး။ ညာမောင်းတင်သွင်းဖို့ က စလစ်ကပ်တင်သွင်းမယ်ဆိုရင် ရနိုင်ပါတယ်။ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အပ်နှံရမည့် ကားများကျန်နေသေးသဖြင့် ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ်တင်သွင်း သည့် အစီအစဉ် ကို ဆက်လက် တင်သွင်းခွင့်ပေးမည်ဖြစ်ရာ လုပ်ငန်းသုံးယာဉ်များမှာ မိုဒယ်အမြင့်သို့ တင်သွင်းခွင့်ပြုသွားဖွယ်ရှိနေတယ်လို့ သိရပါသည်။

ခေတ်သစ်

Author