လာမည့်နှစ်တွင် ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်တင်သွင်းမှူစနစ်အား ပြောင်းလဲမည်

0

Full article

![width=300](/redline/content/images/2017/04/old-car-300x216.jpg)

လာမည့်နှစ်တွင် ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်တင်သွင်းမှူစနစ်အား အခြားစနစ်တစ်ခုနဲ့ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ မော်တော်ယာဉ်တင်သွင်းခြင်းနဲ့သက်ဆိုင်သည့် ကြီးကြပ်မှူကော်မတီကသိရပါတယ်။ ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းအပ်နှံ ပြီး စလစ်ကပ်အစားထိုးတင်သွင်းရသည့် စနစ်ကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာလမှစတင်ခဲ့ရာ လာမယ့် ၂ဝ၁၈ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းအပ်နှံနေသည့် ကားများ ရှားပါးလာမည်ဖြစ်၍ စလစ်ကပ်တင်သွင်းသည့်စနစ်ကို ဖျက်သိမ်းသွားဖွယ်ရှိနေတယ်လို့သိရပါတယ်။ လာမယ့်နှစ်မှာ ယာဉ်အိုယာဉ်ဟောင်း အစားထိုးတင်သွင်းတဲ့စနစ်ကို အခြားစနစ်တစ်ခုနဲ့ပြောင်းလဲသွားမှာပါ။ ကားဟောင်းအပ်နှံပြီးကားသစ်တင်သွင်းတဲ့စနစ်ကို ပြောင်းလဲဖို့ အရင်ထဲကအစီစဉ်ရှိပါတယ်။ လို့ ကုန်လမ်းပို့ဆောင်ရေးညွနု်ကြားမှူဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လက်ရှိတွင် ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး စလစ်ကပ်အစားထိုးယာဉ်တင်သွင်းတာကို ၂ဝ၁၁ မိုဒယ်ကနေ ၂ဝ၁၄ မိုဒယ်အထိ ဘယ်မောင်း၊ ညာမောင်းမခွဲခြားဘဲတင်သွင်းခွင့်ပြုထားတယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author