၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ် အစီးရေ ၂ဝဝ ကျော် အပ်နှံခွင့်ချပေးသည့်အတွက် စလစ်ဈေးကျဆင်းနေ

0

Full article


၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ်များ အစီးရေ ၂ဝဝ ကျော် အပ်နှံခွင့်ကို ခွင့်ပြုချက်ပေးလိုက်သည့်အတွက် စလစ်ဈေးကျဆင်းနေတယ်လို့ စလစ်အရောင်းအဝယ်ပြုလုပ်နေသူများက ပြောပါတယ်။

ခရီးသည်တင်ယာဉ်များဖြစ်တဲ့ မီနီဘတ်စ်၊ဒိုင်နာ၊express ကားများ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပါက လူစီးစလစ်ရရှိမည်ဖြစ်သည်။

ထို ကားများအပ်နှံခွင့်ကို ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနမှ အစီးရေ ၂ဝဝ ကျော် အပ်နှံခွင့်ချပေးလိုက်ရာ စလစ်ဈေးမှာ သိန်း ၁၁ဝ မှ ၁ဝ၇ သိန်း သို့

ပြန်လည်ကျဆင်းလာနေပါတယ်။

စလစ်ကပ်ကားများကို ဧပြီလ ၁ ရက်မှစပြီး ကြိုတင်ဝင်ငွေခွန်ကောက်ခံမှာ ဖြစ်တဲ့အတွက် ဈေးကွက်အတွင်း စလစ်လိုအပ်ချက်ရှိနေကြောင်းသိရပါတယ်။

စလစ်ဈေးက အခုရက်ပိုင်းပြန်ကျလာတယ်။စလစ်လိုအပ်ချက်ကများလာတော့ အဝယ်လည်း များလာတယ်။စလစ်ကပ်ကားကို ကြိုတင်ဝင်ငွေခွန် ကောက်မှာဖြစ်လို့ ဝယ်လာတာတွေလည်းရှိတယ်။

စလစ်က အခုနောက်ပိုင်းအရမ်းရှားလာတော့ နည်းလမ်းတစ်ခုနဲ့ လုပ်ဆောင်ပေးဖို့လိုတယ်။စလစ်အရောင်းအဝယ်ပြူလုပ်နေသူ ကို ဇော်ရဲနိုင်ကပြောပါတယ်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံရာတွင် ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသော လုပ်ငန်းသုံးခရီးသည်တင်ကားများကိုသာ လူစီးစလစ်ရရှိတာဖြစ်တယ်လို့သိရပါတယ်။

Author