ယခု နှစ်နှစ်ဆယ်ကားတန်းအရည်ကြိုစလစ်ဈေးမှာ ၉၂ သိန်းဝန်းကျင်ရှိနေရာ သိန်း ၉ဝ အောက်သို့ထပ်မံကျဆင်လာမျိူ းရှိနိုင်တယ်လို့ပြောပါတယ်။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့်ကားများရှားပါးလာနေသော်လည်း ဘတ်စ်ကားများကို လူးစီးစလစ်ထုတ်ပေးမည်ဆိုလျှင် ဈေးတန်းကျလာနိုင်ကြောင်းသိရပါတယ်။
အခုတစ်လော ဘတ်စ်ကားတွေအပ်မယ်ဆိုရင် လူစီးစလစ်ပေးမှာဖြစ်နေတဲ့အတွက် အရည်ကြိုအပ်ကားဈေး ထပ်ပီးကျဆင်းလာနိုင်တယ်။အရင်ကတော့ အပ်ကားဈေးက ၉၆ သိန်းလောက်ပေါက်နေတာ။အခုရက်ပိုင်း ၉၂ လောက်ပဲရှိတော့တယ်။ဒါတောင်ဝယ်မယ့်သူမရှိဘူး။သိန်း ၉ဝ လောက်အထိဈေးကျလာနိုင်တယ်။ဟု စလစ်အရောင်းအဝယ်ပြုလုပ်သူကားဝယ်ရောင်း ကိုမင်းမင်းကပြောပါတယ်။
အပ်ကုန်စနစ်နဲ့ကားတင်သွင်းထားတဲ့ ကားအရောင်းစင်တာများကလည်း စလစ်ဈေးကျဆင်းသွားရန်မျှော်လင့်နေသလို အရည်ကြိုအပ်ကားများမှာလည်းပြောင်းလဲမှူဖြစ်လာနိုင်တဲ့သတင်းများထွက်ပေါ်နေတယ်လို့ ကားအရောင်းအဝယ်ပြုလုပ်သူများကပြောကြသည်။ခေတ်သစ်