_ Photo Credit_
ရန်ကုန်တိုင်းဒေသကြီး ခရီးသည်တင်ယာဉ်များ အပ်နှံပြီး လူစီးစလစ်များလာသော်လည်း အရောင်းအဝယ်မလုပ်ဘဲ ကိုင်ထားမှူတွေကြောင့် စလစ်ဈေး ကျဆင်းတာမရှိဘဲ စလစ်ဈေးမြင့် တက်နေတယ်လို့ ရန်ကုန်ကားဈေးကွက် စလစ်ဝယ်ရောင်း ပြုလုပ်နေသူများက ပြောပါတယ်။ တစ်ချိူ့ တွေက စလစ်ကို အစောင်ရေ ရာဂဏန်းအထိ ဝယ်ပြီး ကိုင်ထားကြတယ်။ လာမည့်နှစ်မှာ စလစ်အခြေအနေက ဘာမှန်းမသေချာသေးဘူးလေ။ ဘတ်စလစ်တွေက အများကြီးထွက်လာပေမယ့်အပြင် ဈေးကွက်ထဲကိုမရောက်ဘူး။ စလစ်ဈေးက မကျဘဲ အတက်ကြီးပဲဖြစ်နေတယ်ဟု စလစ်ကားအရောင်းအဝယ်ပြုလုပ်သူ ကို မျိူးဇော် က ပြောပါသည်။ လာမည့်နှစ်တွင် ယာဉ်အိုယာဉ်ဟောင်း စလစ်ဈေးကွက်အခြေအနေအပြောင်းအလဲရှိနိုင်သဖြင့် စလစ်အများအပြား ဝယ်ယူထားရှိမှူများရှိနေပြီး စလစ်ဈေးတက်မည်အခြေအနေသို့ စောင့်ဆိုင်းနေသဖြင့် ဘတ်စလစ်များ ရှိလာသော်လည်း လက်ရှိပေါက်ဈေးအတိုင်း ထုတ်မရောင်းဘဲရှိနေတယ်လို့ သိရပါတယ်။ လက်ရှိတွင် ခရီးသည်တင် ဘတ်စ်စလစ်ဈေး ၉၃သိန်းခွဲ ဝန်းကျင်နှင့် တက္ကစီ စလစ်ဈေး ၁ဝ၈ သိန်းဝန်းကျင် နှစ်နှစ်ဆယ် စလစ်ဈေး ၉၇ သိန်းနဲ့ ဈေးအတက်ဘက်သို့ ရောက်ရှိနေတယ်လို့ စလစ်ဈေးကွက်က သိရပါတယ်။ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင် CNG ကားများဖြစ်သော စီးတီးဘတ်စ် ၊ ဒိုင်နာနှင့် ဘီအမ်ကားများကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လူးစီးစလစ်ထုတ်ပေးလျှက်ရှိရာ ကားအစီး ၂၅ဝဝ နီးပါးအပ်နှံပြီးဖြစ်ပြီး လူစီးစလစ်ထုတ်ပေးခဲ့ပြီး အပ်နှံခွင့်တင်ပြပြီးသော်လည်း လူစီးစလစ် ထုတ်ပေးရန်ကျန်ရှိနေသည့်ကားအစီးရေ ၃၅ဝ နီးပါးရှိတယ်လို့ သိရပါတယ်။
ခေတ်သစ်