၁၉၉၅ မိုဒယ်အောက် စီးတီးဘတ်စ် ကားများ လူစီးစလစ်ထုတ်ပေးမှူကို သက်တမ်း ၃ လ တိုးပေးမည်

0

Full article

![width=300](/redline/content/images/2017/04/BM-buses-300x269.jpg)

၁၉၉၅ မိုဒယ်အောက် city bus များကို လူးစီးစလစ်ထုတ်ပေးရန် သက်တမ်း ၃ လတိုးပေးမှာဖြစ်တယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲမှပြောပါတယ်။ ၁၉၉၅ မိုဒယ်အောက်ခရီးသည်တင်ယာဉ်များသည် ဧပြီလ ၁၆ ရက်တွင် ပြေးဆွဲခွင့်မပြုဘဲ အပြီးအပ်နှံရမည်ဟု သတ်မှတ်ထားပြီး ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့မှ ဝယ်ယူထားသော ကားသစ်များမရောက်ရှိသေး၍ သက်တမ်းတိုးပေးတာဖြစ်တယ်လို့သိရပါတယ်။ ကားသစ်တွေကလည်းမရောက်သေးလို့ ခရီးသည်တွေအဆင်ပြေအောင် လုပ်ငန်းလိုအပ်ချက်အရ သက်တမ်း ၃ လ တိုးပေးတာဖြစ်ပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင် CNG ကားများဖြစ်သော စီးတီးဘတ်စ် ၊ ဒိုင်နာနှင့် ဘီအမ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး လူးစီးစလစ်ထုတ်ပေးနေရာ လက်ရှိ စလစ်ထုတ်ပေးမှူ ကားအစီး ၁ဝဝဝ ကျော် လူစီးစလစ်ခွင့်ပြုပေးပြီး ကားအစီးရေ ၂ဝဝဝ ကျော် အပ်နှံခွင့်ကျန်ရှိနေသေးတယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author