စလစ်တစ်စောင်ရရန်အတွက် တိုက်ကြေကားများကဲ့သို့ လိမ်လည် ဖန်တီး ပြုလုပ်မှုများရှိ

0

Full article

စလစ်တစ်စောင်ရရန်အတွက် တိုက်ကြေကားများကဲ့သို့ လိမ်လည် ဖန်တီး ပြုလုပ်မှုများရှိကြောင်း စလစ်ကပ်ကားအရောင်းအဝယ်ပြုလုပ်နေသူများထံမှ သိရသည်။ကားဈေးကွက်တွင် တိုက်ကြေစလစ်ကပ်ကားဖြစ်မည်ဆိုပါက အမှန်တစ်ကယ် တိုက်ထားခြင်းရှိမရှိ ရဲမှုးပါရှိရန်လိုအပ်ပြီး တရားရုံး၏ အမိန့်ချသည့် သက်သေပါရှိရန်လိုအပ်သည်။ ထိုသို့ စလစ်တစ်စောင်ရရန်အတွက် တိုက်ကြေမဟုတ်ပဲ ရဲမှုမဖြစ်ဖြစ်အောင်ဖန်တီး၍ တိုက်ကြေကဲ့သို့ ကားများ ပြုလုပ်ပြီး အပ်နှံမှုမများ ရှိနေကြောင်းသိရသည်။ ကားဈေးကွက်တွင် ကြိုတင်ဝင်ငွေခွန် မပေးဆောင်ရသည့် စလစ်ကပ်ကားများမှာ ၉၂ သိန်း နှင့် ၉၃ သိန်းဝန်းကျင်ကြား ပေါက်ဈေးရှိလာသည်။ ထိုဈေးနှုန်းများသည် ၁၃ဝဝ စီစီကားတစ်စီး၏ ဈေးနှုန်းသို့ ရောက်ရှိနေသဖြင့် စလစ်ရရှိရန် ကြံဖန်ပြုလုပ်လာကြောင်းသိရသည်။

'တိုက်ကြေစလစ်တစ်စောင်ရဖို့အတွက် 1.3 ကားလေးတွေကို ကြံဖန်ပြီး ရဲမှုမဖြစ်ဖြစ်အော်လုပ်ပြီး တိုက်ကြေစလစ်ထုတ်လာတာတွေရှိတယ်။ ဒါတွေက သိန်း ၁ဝဝ တန် ပတ်ချာလည်ကားတွေနဲ့ စလစ်ကပ်ကားဈေးနှုန်းတူညီလာတာဖြစ်တဲ့အတွက် ကြံဖန် ဂွင်ရိုက်လုပ်ဆောင်လာတာပါ။ တစ်ချို့ဆိုရင် ရဲမှုဖြစ်ဖို့အတွက် ကားတစ်စီးကို တိုက်ဟန်ဆောင်ပြီးတော့ တိုက်ကြေစလစ် ထုတ်လာတာတွေလည်း ရှိပါတယ်။' ဟု စလစ်ကပ်ကားရောင်းဝယ်ပြုလုပ်နေသူများထံမှသိရသည်။

Author