ကြိုတင်ဝင်ငွေခွန် ကောက်ခံမည့် ရက်နီးလာရာစလစ်ကပ်ကား မှတ်ပုံတင်လာရောက်ပြုလုပ်သူ တစ်ရက်လျှင် ကားအစီး ၃ဝဝ နီးပါး လာရောက်ပြုလုပ်နေ

0

Full article

ဧပြီလ ၁ ရက်မှစ၍ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဖြစ်သောကြောင့် ယခုလအတွင်း ယာဉ်မှတ်ပုံတင်လာရောက်ပြုလုပ်သူ များပြားနေတယ်လို့ ထောက်ကြန့်ကညနရုံးမှ သိရပါတယ်။ယာဉ်နံပတ်ရောင်းချမှူကိုလည်း 2N အက္ခရာနံပတ်ကိုသာရောင်းချပေးနေရာ ယနေ့ထိ ကနဦးမှတ်ပုံတင်မှူ 2N အက္ခရာနံပတ် ၅၁ဝဝ ကျော်သို့ရောက်ရှိနေတယ်လို့ သိရပါတယ်။

စလစ်ကပ်ကားတွေကို ဒီရက်ပို်င်းထဲမှာ လာလုပ်တဲ့သူများလာတယ်။ကြိုတင်ဝင်ငွေခွန်ကောက်မယ့်ရက်ကလည်းနီးလာပြီဆိုတော့ ယာဉ်မှတ်ပုံတင်လုပီးလာလုပ်ကြတာပါ။ယာဉ်နံပတ်ဝယ်ယူတာကိုလည်း ဒီလ ၃၁ ရက်နေ့နောက်ဆုံးသတ်မှတ်ထားပါတယ်။လို့ ထောက်ကြန့်ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလက်ရှိ စလစ်ကပ်ကားများကို ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးထားသဖြင့် ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ်ကား ဝယ်ယူထားသူများအမြန်ဆုံး နံပတ်ယူယာဉ်စစ်ဆေးမှူပြုလုပ်ထားဖို့လိုကြောင်း ကားတင်သွင်းသူများက ပြောပါတယ်။

ဖေဖေါ်ဝါရီလအတွင်း ကနဦးမှတ်ပုံတင်လာရောက်ပြုလုပ်သည့် ကားအစီးရေ ၈ဝဝဝ ကျော် ထိရှိခဲ့ရာ ယခုမေလတွင်လည်း တစ်ရက်လျှင်ကားအစီးရေ ၂ဝဝ ကနေ ၃ဝဝ အထိ လာရောက်ပြုလုပ်နေတယ်လို့သိရပါတယ်။

ခေတ်သစ်

Author