ဧပြီ ၁ရက်မှစ၍ စလစ်ကပ်ကားများအားလုံး ကြိုတင်ဝင်ငွေခွန် ပေးဆောင်ပြီးမှ ကနဦးမှတ်ပုံတင်သွားရောက်ဆောင်ရွက်ခွင့်ရမည်

0

Full article

တစ်ဦးချင်းတင်သွင်းသည့် Free permit ကားများကဲ့သို့ အခွန်ပေးဆောင်ပြီးမှသာ ယာဉ်မှတ်ပုံတင်သွားရောက်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။ စလစ်ကပ်တင်သွင်းယာဉ်တွေအားလုံး ပြည်တွင်းအခွန်မှာ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။ ပြီးမှ မှတ်ပုံတင်ဆောင်ရွက်ရမှာပါ။အရင်လိုပဲ ဝင်ငွေခွန်ပေးဆောင်တဲ့ အထောက်အထားစာရွက် ထုတ်ပေးမှာဖြစ်တယ်။ လို့ ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ တစ်ဦးချင်းတင်သွင်းသည့် ကားများကဲ့သို့ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ပြီး ပတခ ဝင ၈ အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်ထုတ်ပေး၍ ယာဉ်မှတ်ပုံတင် သွားရောက်လုပ်ဆောင်ရမည်ဖြစ်ပါတယ်။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြေစာစလစ်ဖြင့် တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များအားလုံး နှင် ယာဉ်နံပတ် ကြိုတင်ဝယ်ယူထားသူမျာကို ဧပြီ ၁ ရက်မှစတင်ကာ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ထားသည့် အထောက်အထားပြသနိုင်မှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကြေငြာချက်ထုတ်ပြန်ထားသည်။

ခေတ်သစ်

Photo Credit

Author