စလစ်ကပ်ကားများအရောင်းအဝယ်ပြန်ကောင်းလာ

0

Full article


ကြိုတင်ဝင်ငွေခွန် ကောက်ခံမည့်အချိန်နီးလာ၍ ယခုရက်ပိုင်း အတွင်းစလစ်ကပ်ကားများ အရောင်းအဝယ်ဖြစ်နေတယ်လို့ရန်ကုန်ကားဈေးကွက်အတွင်းက သိရသည်။ ဒီရက်ပိုင်းထဲမှာ free permit ကားတွေထက် စလစ်ကပ်ကားတွေ တော်တော်လေး အရောင်းအဝယ်ဖြစ်နေတယ်။ စလစ်ကပ်ကားတွေမှာလည်း လူကြိုက်များတဲ့ကားတွေကိုပဲ အဓိကမေးနေကြတယ်။ဈေးက နောက်လဆို အရမ်းမြင့်တက်လာမှာဖြစ်လို့ စလစ်ကားတွေကို အသည်းအသန်ဝယ်နေကြတယ်။ စလစ်ကားတွေလည်း နံပတ်ယူတာတွေများလာသလို ကားဝယ်ရောင်းတွေလည်း အရောင်းအဝယ်လေးပြန်ဖြစ်လာတယ်" လို့ ကားအရောင်းပြုလုပ်နေသူကိုအောင်ကျော်ဦးကပြောပါတယ်။ ယခုရက်ပိုင်းအရောင်းအဝယ်ဖြစ်နေသော စလစ်ကပ်ကားများဖြစ်သည့် Wish ၊ Alphard၊ Land cruiser၊့ Kluger၊ Harrier ၊ Vanguard ကားအမျိုး အစားများမှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ ရန်ကုန်ကား ဈေးကွက်အတွင်းမှ သိရသည်။ စလစ်ကပ်ကားများသာ ရန်ကုန်လိုင်စင်ရရှိနိုင်ပြီး Free permit ဖြင့်တင်သွင်းနေသောကားများရန်ကုန်လိုင်စင် မရရှိတဲ့အတွက် စလစ်ကားဈေးမှာ ပိုမိုမြင့်လာနိုင်ဖွယ်ရှိနေသဖြင့် ကားဝယ်ယူမည်ဆိုပါက ဝယ်ယူသင့်သည့် အချိန်ဖြစ်တယ်လို့ သိရပါတယ်။

ကြိုတင်ဝင်ငွေခွန်ကောက်ခံရာတွင် ကားတင်သွင်းသည့်(CIF)၊ အကောက်ခွန် ကုန်သွယ်ခွန်များ စုပေါင်းပေးဆောင်ရသည့်တန်ဖိုးများပေါ်တွင် ပေးဆောင်ရမည်ဖြစ်ပြီးလက်ရှိ အချိန်တွင် စလစ်ဈေးများ မြင့်တက်နေပြီး သိန်း ၁၂ဝ ဝန်းကျင်ရှိကြောင်း ရန်ကုန်ကားဈေးကွက်အတွင်းစလစ်ဝယ်ရောင်းပြုလုပ်နေသူများထံမှ သိရသည်။

ခေတ်သစ်

Photo credit.

Author