စလစ်ကပ်ကားများ အမည်ပြောင်းခွန်အတွက် ကားတန်ဖိုး ၁၅ ရာခိုင်နှုန်း ပေးဆောင်ရ မည်

0

Full article

![](/redline/content/images/2017/04/old-carr-300x169.jpg)

ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားများကြိုတင်ဝင်ငွေခွန်ပေး ဆောင်ရာတွင် အမည်ပြောင်းခွန်အတွက် ကားတန်ဖိုး သိန်း ၄ဝ တန်ဖိုးဖြတ် သတ်မှတ်ပေးမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရပါတယ်။ အမည်ပြောင်းခွန်အတွက် ကားတန်ဖိုး ကျပ်သိန်း ၄ဝ သတ်မှတ်ထားပါတယ်။အဲဒီတန်ဖိုးကနေ ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ၆ သိန်း အခွန်ဆောင်ရမှာဖြစ်ပါတယ်။ ကညန က ယာဉ်အိုယာဉ်ဟောင်း အပ်နှံတဲ့စလစ်တော့ပါရမှာဖြစ်ပါတယ်။ ဟု ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။ ယာဉ်အိုယာဉ်ဟောင်း အရည်ကြို အပ်ကားတစ်စီးကို အခြားသူတစ်ယောက်သို့ ရောင်းချမည်ဆိုပါက ထိုသူမှ အမည်ပြောင်းပြုလုပ်ရမည်ဖြစ်ပြီး ကားတန်ဖိုး ကျပ်သိန်း ၄ဝ သတ်မှတ်ထားရာ ထိုကားတန်ဖိုး ၁၅ ရာခိုင်နှုန်းဝင်ငွေခွန်ပေးဆောင်မှသာ အခြားကားတစ်စီးသွင်းပါက နာမည်ပေါ်က်ရရှိမည်ဖြစ်သည်။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် ကားများကို ကျပ်သိန်း ၄ဝ သတ်မှတ်မှူကို ကျပ် သိန်း ၈ဝ သတ်မှတ်ပေးရန် လိုအပ်ကြောင်း ကားတင်သွင်းရောင်းချနေသူများက ပြောကြားကြပါတယ်။

ခေတ်သစ်

Photo Credit

Author