စလစ်ကပ်ကားများ ကြိုတင်ဝင်ငွေခွန်လာရောက်ပြုလုပ်မှူ ဧပြီ(၄) ရက် အထိ မရှိ

0

Full article

စလစ်ကပ်ကားများ ကြိုတင်ဝင်ငွေခွန်စတင် ကောက်ခံသည့်နေ့မှ ဧပြီ (၄) ရက်အထိ လာရောက်ပြုလုပ်သည့် ကားတစ်စီးမှမရှိပါကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရပါတယ်။

၁ ရက်နေ့ကစပြီး ဒီနေ့အထိ စလစ်ကပ်တင်သွင်းယာဉ်တွေတစ်စီးမှ လာလုပ်တာမရှိပါဘူး။အခွန်ပေးဆောင်တာကို အမြန်ဆန်ဆုံးလုပ်ဆောင်ပေးနေပါတယ်ဟု ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။ ဖရီးပါမစ်ဖြင့်တင်သွင်းလာသည့်ကားများ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရန်လာရောက်လျှင် သန်ခေါ်င်စာရင်းမူရင်း၊ မိတ္တူ တစ်ပါတည်းယူဆောင်လာရမှာဖြစ်ပါတယ်။ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ပနိုင်ငံများမှ တင်သွင်းထားရှိသော ကားအစီးရေ ၅ဝဝဝဝ ထံမှ အခွန်စည်းကြပ်ရရှိငွေ ကျပ်သန်းပေါ်င်း ၁ သိန်း ၈ သောင်းကျော်ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန စာရင်းများအရ သိရပါတယ်

ခေတ်သစ်

Photo Credit

Author