Zawgyi Verion
ရန်ကုန်လိုင်စင်ရရှိနေသော ယာဉ်အိုယာဉ်ဟောင်း စီမံချက်ဖြင့် အစားထိုးယာဉ်တစ်စီးတင်သွင်းသည့် စလစ်ကပ်စနစ်ကို ၂ဝ၁၉ တွင် ဖျက်သိမ်းမည်မဟုတ်ဘဲ ယခင်အတိုင်း သက်တမ်းနှစ် ၂ဝ ပြည့်မှီပါက အိုဟောင်းယာဉ်အဖြစ် အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။၂ဝ၁၁ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် ယာဉ်အို၊ ယာဉ်ဟောင်း စီမံချက်ဖြင့် ကားတစ်စီးအပ်နှံပြီး ကားသစ်တစ်စီး အစားထိုးတင်သွင်းသော စလစ်ကပ်စနစ်ကို ၂ဝ၁၉ တွင်ဖျက်သိမ်းမည်ဟူသော သတင်းများထွက်ပေါ်နေပြီး ထိုသတင်းများမှာ အမှားသာဖြစ်ကာ ယာဉ်အိုယာဉ်ဟောင်း စနစ်ဖျက်သိမ်းမည်ဆိုလျင် ပြည်ထောင်စုအဆင့် အထိ တင်ပြဆောင်ရွက်ရကြောင်း သိရသည်။
"ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အစားထိုးကားသစ်တင်သွင်းတဲ့စနစ်ကတော့ ပြောင်းလဲဖို့ မရှိသေးပါဘူး။ ၂ဝ၁၉ မှာယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်ဆိုတာ သတင်းအမှားတွေပါ။ စလစ်ပေးတာကို ဖျက်သိမ်းမယ်ဆိုရင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီးမှ လုပ်လို့ရတာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ကားဟောင်းတစ်စီးနေရာတွင် ကားသစ်တစ်စီးတင်သွင်းသည့် ယာဉ်အိုယာဉ်ဟောင်းအစားထိုး စလစ်ကပ်စနစ်ဖြင့် ရန်ကုန်လိုင်စင်ရရှိနေရာ ထိုစနစ်ဖျက်သိမ်းလျှင် ရန်ကုန်လိုင်စင်မှာ ပြည်တွင်းထုတ် SKD ကားများသာ ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
Regulation