ပစ်ကပ် လိုက်ထရပ်အပ်နှံရာတွင် အိမ်စီးကားတင်သွင်းခွင့်မပေးတော့သဖြင့် စလစ်ဈေး သိန်းတစ်ရာသို့ရောက်ရှိa

0

Full article

ကားဈေးကွက် အတွင်းတွင် အပ်ကားများမှာလည်း ရှားပါးလာပြီး ပြောင်းလဲလိုက်သည့် မူဝါဒကြောင့် နှစ်နှစ်ဆယ်အမည်ပေါက်ကား စလစ်မှာ သိန်း ၁ဝဝ ဝန်းကျင်သို့ရောက်ရှိနိုင်ပါသည်။

ဇူလိုင် ၂၆ ရက်နေ့မှစ၍ ပစ်ကပ် လိုက်ထရပ်ကားများကို အိမ်စီးကားတင်သွင်းခွင့်မပေးတော့ပဲ ကုန်တင်ယာဉ်ကိုသာတင်သွင်းခွင့်ပေးမည်ဖြစ်ရာ စလစ်ပိုမိုရှားပါးလာမည်ဖြစ်သည်။ စလစ်အရောင်းအဝယ်ပြုလုပ်သူများမှာ စလစ်ဈေး ၈၇ သိန်းရှိရောမှ သိန်း ၁ဝဝ ထိမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

အိမ်စီးကား စလစ်များဝယ်ယူ၍ အမြင့်ကားများကို စလစ်ကပ်အမည်ပေါက်ဝယ်ယူစီးနင်းနေရာ၌ စလစ်ဈေးပျေက်ကွယ်သွားနိုင်ကြောင်းပြောကြားကြသည်။

ရေရှည်မှာ စလစ်ကပိုပြီး ရှားပါးလာမှာဖြစ်တဲ့အတွက် စလစ်ဈေး သိန်း ၁ဝဝ ကျော်ရင်တောင် ကျော်သွားနိုင်တယ်။ ပစ်ကပ် လိုက်ထရပ်တွေကို ကန့်သန့်လိုက်တဲ့အတွက် စလစ်ပျောက်လာနိုင်တယ်။ လက်ရှိကားဈေးကွက်မှာ နှစ်နှစ်ဆယ်အပ်ကားစလစ်တစ်ဆောင်ကို ၈၇ လောက်ရှိရာကနေ သိန်းဆယ်ဂဏန်းလောက်တက်သွားတယ် ဟု စလစ်ဈေးကစားနေသူများမှ ပြောသည်။

စလစ်ကိုင်ထားပြီး ဈေးကစားသူများအနေနှင့် အိမ်စီးကား ပေးမသွင်းသည့်သတင်းကြောင့် အထိနာမှုများရှိနေပြီး စလစ်အရောင်းအဝယ်ကိုလည်း ဈေးအတက်အကျကိုစောင့်၍ အရောင်းအဝယ် မပြုလုပ်ကြောင်းသိရသည်။

ခေတ်သစ်





Author