ရန်ကုန်မြို့တွင်း လူစည်ကားသည့် downtown ဧရိယာများဖြစ်သည့် မြို့နယ် ၆မြို့နယ်တွင် ဘတ်စ်ကားများ ပြေးဆွဲမှုပိတ်၍ shuttle bus များဖြင့် ပြေးဆွဲသွားရန် လျာထားလျက်ရှိကြောင်းသိရသည်။
ယင်းမြို့နယ် ၆ မြို့နယ်သည် ရန်ကုန်မြို့၏ လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုမှာလည်း အများဆုံးဖြစ်ပွားသည့်နေရာများဖြစ်သည်။ ထို့ကြောင့် လိုင်းကားအများစု စုရပ်တစ်ခုဖြစ်သော downtown ၆ မြို့နယ်ကို ဘတ်စ်ကားများဝင်ရောက်ပြေးဆွဲမှုမပြုလုပ်ပဲ Shuttle Bus များပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိပြေးဆွဲနေသော ခရီးသည်တင်ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားသည့် ၆ မြို့နယ်မှ ခွဲထွက်၍ ပြေးဆွဲခြင်းခွင့်ပြုတော့မည်မဟုတ်ကြောင်းသိရသည်။
ခေတ်သစ်