စမ်းချောင်းမြို့နယ် ရှင်စောပု ကားရပ်နားစခန်း ပြောင်းရွှေ့သွားဖွယ်ရှိနေ

0

Full article

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ရှင်စောပုကားရပ်နားစခန်းကို ပြောင်းရွှေ့သွားဖွယ်ရှိနေပြီး မည်သို့လုပ်ဆောင်သွားမည်ကို မသိရှိရသေးကြောင်း ကားအရောင်းအဝယ်လုပ်ကိုင်သူများက ပြောကြားကြသည်။

ရှင်စောပု ကားရပ်နားစခန်းကို ဌားရမ်းသည့်မြေနေရာ စာချူ ပ်သက်တမ်းကုန်သွားသဖြင့်ဆက်လက်လုပ်ကိုင်ဌားရန်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားရှိတယ်လို့သိရပါတယ်။

ရှင်စောပု ကားရပ်နားစခန်းကို ဌားရမ်းသည့်မြေနေရာစာချုပ်သက်တမ်းကုန်သွားသဖြင့် ဆက်လက်လုပ်ကိုင်ဌားရမ်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားရှိတယ်လို့ သိရပါတယ်။

အထက်ပါ ကားရပ်နားစခန်းကို ပြည်သူလူထူအကျိူ းပြုစေနိုင်မဲ့ စီမံကိန်းတစ်ခုထားရှိမယ်လို့ကြားရပါတယ်။ဆက်လက်လုပ်ကိုင်ခွင့်ပြုမပြုကတော့ သေချာမသိရှိသေးပါဘူးဟု တစ်နိုင်တစ်ပိုင် ကားအရောင်းအဝယ်လုပ်ကိုင်နေသူများကပြောသည်။

ရှင်စောပု ကားရပ်နားစခန်းကို ပြီးခဲ့သည့်နှစ်နှစ်အတွင်းက ဌားရမ်းထားရှိပြီး စည်းကမ်းမဲ့မောင်းနှင်နေတဲ့ကားတွေနဲ့ ကားအရောင်းအဝယ်ပြုလုပ်နေသူများ၏ ကားများ ရပ်နားကာ ကားအစီးရေ ၆ဝဝနီးပါးနေ့စဉ်ရပ်နားတယ်လို့သိရပါတယ်။

ခေတ်သစ်

Author