She’s Mercedes Event ကို Mercedes-Benz Myanmar မှ ပထမအကြိမ်ကြီးမှူးကျင်းပ

0

Full article

၁၁၊ မတ်၊ ၂၀၂၀ - အနာဂတ်ဟာ အမျိုးသမီးတွေပါ။ She’s Mercedes ဟာ အမျိုးသမီးတွေ ဆက်သွယ်ပြီး စိတ်ကူးစိတ်သန်းတွေ ဖလှယ်နိုင်မယ်၊ တစ်ဦးထံမှ တစ်ဦးသင်ယူရင်း အတွေ့အကြုံတွေမျှဝေနိုင်မယ်၊ စကားလုံးတွေရဲ့ဆုံမှတ်၊ အမြင်သစ်တွေရရှိနိုင်ပြီး ရည်မှန်းချက်တွေကို ပြည့်ဝစေမယ့် လှုံ့ဆော်မှုကွန်ယက်တစ်ခုပါပဲ။ She’s Mercedes ဟာ လှုံ့ဆော်မှု၊ ဆက်သွယ်မှုနဲ့ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်အပြည့်အဝပေးခြင်းအားဖြင့် သူတို့ရဲ့အကောင်းဆုံးတွေကို ဖွင့်ထုတ်ပေးနိုင်မှုကိုညွှန်းဆိုတဲ့ platform တစ်ခုဖြစ်တယ်။ She’s Mercedes မှာ လူမှုကွန်ယက် ဆောင်ရွက်လှုပ်ရှားမှုတွေ၊ ပုံနှိပ်မဂ္ဂဇင်းတွေနဲ့ အဓိကရည်မှန်းချက်အဖြစ် ရင်တွင်းစကားတွေကို ဖွင့်ထုတ်ဖန်တီး ပြောဆိုစေဖို့တွေ ပါဝင်ပါတယ်။

She’s Mercedes ကို မြန်မာနိုင်ငံမှာ ပထမဆုံးမိတ်ဆက်မှုမှာ နယ်ပယ်မျိုးစုံနဲ့ လုပ်ငန်းမျိုးစုံမှ ထူးချွန်တဲ့အမျိုးသမီးတွေဟာ ကျွန်တော်တို့ကို သူတို့ရဲ့ လုပ်ငန်းအသီးသီးနဲ့ ပုဂ္ဂိုလ်ရေးရာ ဘဝတွေထဲက ပုဂ္ဂလိက ထိုးထွင်းအမြင်တွေအကြောင်းကို ပြောပြကြမှာပါ။ အလုပ်အကိုင်နဲ့ ဘဝကို ညီညွတ်မျှတအောင် ဘယ်လိုထိန်းကြောင်းသလဲ ဆိုတာလည်း အပါအဝင်ပေါ့။

Mercedes-Benz ရဲ့ GLE 450 4MATIC, GLC 300 4MATIC Coupe, GLC 300 4MATIC and GLS 450 4MATIC တွေဟာ လှပတင့်တယ်တဲ့ အသွင်သဏ္ဌာန်၊ ရင်ခုံသံတွေလျင်မြန်စေမယ့် စွမ်းအားနဲ့ စွမ်းဆောင်ရည်တို့ရဲ့ နောက်တစ်ဆင့် ထိပ်တန်း SUV အဖြစ်တဲ့ ခမ်းနားကြီးကျယ်မှုတွေရဲ့ ပေါင်းစည်းမှု ရောင်ပြန်ဟပ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ She’s Mercedes ကိုမိတ်ဆက်ပေးရင်း ခွန်အား အားလုံးကို အပြန်အလှန်ပြောဆိုမှုတွေအဖြစ် ဖေါ်ဆောင်သူ Mercedes-Benz ရဲ့ Marketing Manager Ms. Foo Pei Yee ကတော့...

“လာမယ့်နှစ်တွေမှာ အမျိုးသမီးတွေဟာ အလျင်မြန်ဆုံးတိုးတက်နေပြီး ကမ္ဘာမှာ သြဇာလွှမ်မိုးမှုအရှိဆုံး စားသုံးသူအဖွဲ့အစည်းဖြစ်လာပါမယ်။ ကျွန်မတို့ရဲ့ရည်ရွယ်ချက်ကတော့ ထူးခြားတဲ့အမှတ်တံဆိပ် အတွေ့အကြုံကိုဖန်တီးဖို့နဲ့ မြန်မာနိုင်ငံမှာ Mercedes-Benz ဟာ အမျိုးသမီးတွေအတွက် ဆွဲဆောင်မှုအားအပြင်းဆုံး ထိပ်တန်းကား အမှတ်တံဆိပ်ဆိုတဲ့ အဆိုကို ပိုမိုအားကောင်းလာစေဖို့ပါပဲ။ She’s Mercedes ဟာ ရှင်တို့နဲ့အတူ ပိုပြီးတိုးတက်ဖွံ့ဖြိုးချင်ပါတယ်။ ရှင်တို့ရဲ့အတွေ့အကြုံတွေ၊ ရှုထောင့်တွေနဲ့ ယူဆချက်တွေကို အချင်းချင်း ဖလှယ်ရင်း၊ စေ့ဆော်ရင်း၊ အထောက်အပံ့ပြုရင်းနဲ့ အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ဖို့ အဓိက အကူအညီတွေဖြစ်လာမှာပါ။ လက်ရှိ ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်တစ်ခုအနေနဲ့ ကမ်းလှမ်းလိုတာကတော့ She’s Mercedes ဟာ အမြင်တွေနဲ့ သတင်းအချက်အလက်တွေကို ပုံမှန်ဖလှယ်တာမျိုးတွေနဲ့ နယ်ပယ်အသီးသီးမှာရှိကြတဲ့ စိတ်ဝင်စားစရာအမျိုးသမီးတွေရဲ့ သူတို့ဘဝ သူတို့ကမ္ဘာအပေါ် ထိုးထွင်းအမြင်တွေကို ဖွင့်ထုတ်ပြီး အပြန်အလှန်ပြောဆိုဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အဲဒီကနေပြီး professional အနေနဲ့ရော ပုဂ္ဂိုလ်ရေးနယ်ပယ်ကပါ အောင်မြင်တဲ့ ဇာတ်လမ်းတွေဟာ အခြားသူတွေကိုလည်း သူတို့လမ်းကို သူတို့ဖေါက်ဖို့အတွက် လှုံ့ဆော်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာ She’s Mercedes နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးဖို့အစီအစဉ်တွေလည်းရှိနေပါတယ်။ She’s Mercedes ဟာ one time event မဟုတ်ပါဘူး အနာဂတ်မှာ ပြန်လာပါဦးမယ်”

ဟု ပြောခဲ့ပါတယ်။

အဆိုပါ She’s Mercedes ရဲ့ ပထမဆုံး event ကို Mercedes-Benz Myanmar မှ ပထမအကြိမ်ကြီးမှူးကျင်းပပြီး ဖိတ်ကြားထားတဲ့ဧည့်သည်အမျိုးသမီး အယောက် ၄၀ ပါဝင်ခဲ့ကာ Speaker များအဖြစ် Fancy House Hair Beauty Nail Spa ရဲ့ Founder Ms. Agnes Lim  နဲ့ Myanmar Imperial University (MIU) ရဲ့ Founder & Managing Director ဖြစ်သူ Ms. Poht Poht Kyi တို့ တက်ရောက်ခဲ့ပြီး သူတို့ရဲ့အမြင်တွေ၊ အတွေ့အကြုံတွေကိုဖလှယ်ခဲ့တာပါ။

Author