Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲများအတွက် ပုဂ္ဂလိကလျှပ်စစ်နှင့် စက်ပစ္စည်းများ နေကာမျက်မှန်များကို ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Soe Electrical & Mechanical Co, Ltd. က ထောက်ပံ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲ ၈၈၃ဦးကို တစ်ဦးလျှင် UV 400 ပါ နေကာ မျက်မှန်တစ်လက်နှုန်းထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေချိန်တွင် ၎င်းတို့၏မျက်လုံးများ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ရန်နှင့် ၎င်းတို့၏ကျန်းမာရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ ယာဉ်ထိန်းရဲများနောမျက်မှန် တပ်ဆင်ခွင့်ကို ဧပြီလ၂၆ရက်နေ့မှစ၍ ပြည်ထဲရေးဝန်ကြီးဌာနကခွင့်ပြုခဲ့ခြင်းဖြစ်ကြာင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ နေကာမျက်မှန်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ကုန်ကျစရိတ်များ၊ လှူဒါန်းရခြင်းအကြောင်းတို့ကို မိမိအနေနှင့် ပြောပိုင်ခွင့်မရှိကြောင်း ယင်းကုမ္ပဏီမှ မန်နေဂျာက ပြောကြားသည်။

—–

The Voice Sunday, May 11, 2014 မှ ကူးယူဖော်ပြသည်။

Author