စက်တင်ဘာလ ၃ဝ ရက်နေ့က ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ရဲ့ Q Bar တွင် AMI အာမခံလုပ်ငန်းနှင့်ပူးပေါင်းပြီး CarFriday ပွဲကို လစဉ်ပြုလုပ်နေကြပုံစံအတိုင်း ပျော်ရွှင်ဖွယ်ရာအစီအစဉ်တွေ စားသောက်ဖွယ်ရာတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတတွေအများကြီးရစေတဲ့ ယာဉ်မတော်တဆမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့အချက်တွေအား
-ဒု-ညွှန်ကြားရေးမှူ း ဦးမြတ်မင်းနိုင်(Red Cross)
-ဦးခင်မောင်မြင့် (AMI) တို့မှ
– မြန်မာနိုင်ငံရှိ လမ်းမကြီးများသည် အရှေ့တောင်အာရှတွင် အန္တရာယ် အများဆုံး ဖြစ်ပေါ် နေကြောင်း အီတလီနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ယာဉ်မတော်တဆမှုနှင့် သေဆုံးမှုလျှော့ချရေး NGO မှ APB ABC ၏ တာဝန်ရှိသူ တစ်ဦးကဆိုထားတဲ့အပေါ်မှာ ယာဉ်ထိန်းတပ်ဖွဲ့ရဲ့ အမြင်တွေ
– ယာဉ်မတော်တဆတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲဖြစ်စဉ်များကြောင့် လူပေါင်း ၁၁ ဦးခန့် နေ့စဉ် သေဆုံးနေတယ်လို့ သိရပါတယ်၊ဒီဖြစ်ရပ်ကလမ်းတွေကြောင့်လား၊စည်းကမ်းမဲ့တဲ့ယာဉ်တွေကြောင့်လားဆိုတာ သုံးသပ်ချက်တွေ
-အဝေးပြေးယာဉ်လိုင်းတချို့မှာ အသက်အာမခံထားရှိမှုတွေရှိလာပါပေမဲ့ ကိုယ်ပိုင်ယာဉ်အချို့ ကတော့အာမခံထားရှိမှုရဲ့ အကျိုးကျေးဇူးကို မသိသေးကြတာကြောင့် အာမခံထားရှိမှုရဲ့ အားသာချက်ကလေးတွေ
– Red Cross အနေနဲ့ ယာဉ်မတော်တဆမှုဖြစ်လာလျှင် (အထူးသဖြင့် အမြန်လမ်းလိုနေရာတွေမှာပေါ့)ဘယ်လိုပုံစံမျိုးနဲ့ အသက်တွေကယ်ဆယ်ဖို့ လုပ်ဆောင်နေတာတွေ အပြင် အမြန်လမ်းမှာ အခြားအဖွဲ့တွေကရောပူးပေါင်းဆောင်ရွက်မှုတွေသလား နဲ့ Red Cross ရဲ့ အနာဂတ်စီမံကိန်းတွေ
– ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းဖို့ဘယ်လိုစီမံကိန်းတွေနဲ့ ဆောင်ရွက်နေပါသလဲဆိုတာတွေ
– ယာဉ်မောင်းတစ်ယောက်အနေနဲ့ ယာဉ်မတော်တဆမှုဖြစ်လာရင် သူကိုယ်တိုင်ရော ကယ်တင်လို့ရနိုင်သလား။အဲဒီအတွက် ရှေးဦးပြုစုမှုလုပ်ဖို့ ဘာတွေသိထားဖို့လိုအပ်ပါသလဲ ဆိုတာတွေ
– မြန်မာနိုင်ငံအတွင်းယာဉ်မတော်တဆမှုတွေလျော့ကျသွားအောင် ပြည်သူတွေအနေနဲ့ ဘယ်လိုပြုမူဆောင်ရွက်သင့်သလဲဆိုတာ အကြံပြုဆွေးနွေးချက်တွေ ကို အဓိကပါဝင်ဆွေးနွေးသွားပေးခဲ့ပြီး နောက် ပျော်ရွှင်စရာ အမေးအဖြေလေးတွေကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ပွဲလာပရိသတ်များအား လက်ဆောင်လေးများနှင့် ကျေးဇူးတုံ့ပြန်ပေးခဲ့ပါတယ်။