Pick Up,Light Truck , Truck,City Bus ယာဉ်များတွင် ယာဉ်မောင်းသူ အသက်ကယ်ထိုင်ခုံခါးပါတ် မဖြစ်မနေတပ်ဆင်ရမည်ဖြစ်ရာ ကျောင်းသားများသယ်ယူပို့ဆောင်ရေးလုပ်ဆောင်သော ကျောင်းကား School Bus များနှင့်အဝေးပြေးခရီးသည်သယ်ယူပို့ဆောင်ရေး Express Bus ကားများတွင် ယာဉ်မောင်းနှင့်စီးနင်းသူများအတွက် အသက်ကယ်ထိုင်ခုံခါးပတ် Seat Belt ပြည့်စုံစွာ ပါရှိရမည်ဖြစ်သည်။
ရန်ကုန်မြို့တွင်းမောင်းနှင်သွားလာနေသော ကားများကို စစ်ဆေးရာတွင် အသက်ကယ်ထိုင်ခုံခါးပတ် မပါရှိသော ကားအစီးရေ ၂ဝဝ နီးပါး အရေးယူထားရှိပြီး ၁၉၉၅ ခုနှစ်နှင့် အထက်ယာဉ်များဖြစ်သော ခရီးသည်လိုင်းကားများကို စစ်ဆေးရာ အသက်ကယ်ထိုင်ခုံခါးပတ်ပါရှိသည့် ယာဉ်များကို အများဆုံးစစ်ဆေးတွေ့ရှိနေရကြောင်း သိရသည်။ဇန်နဝါရီ ၁ ရက်မှစပြီး အသက်ကယ်ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်နေတဲ့ကားတွေကို အရေးယူတာ ကားအစီး ၂ဝဝ လောက် အရေးယူထားရှိပြီးပါပြီ။ခရီးသည်တင်လိုင်းကားတွေက အသက်ကယ်ထိုင်ခုံခါးပတ် မပါရှိတာ တွေကိုလည်းအများဆုံးတွေ့ရပါတယ်။လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ခေတ်သစ်