မော်တော်ယာဉ်များ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်မှူ ပညာပေးကာလတွင် ၇ဝ ရာခိုင်နှုန်းအသုံးပြုလာ

0

Full article

မော်တော်ယာဉ်များ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်းရှိမရှိကို နိုဝင်ဘာလ ၁ ရက်ကစတင်ကာ ပညာပေးကာလအဖြစ်စစ်ဆေးရာတွင် ၇ဝ ရာခိုင်နှုန်းအသုံးပြုလာကြတယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။6 c အက္ခရာနဲ့အထက် လူစီးမော်တော်ယာဉ်များအား နိုဝင်ဘာ ၁ရက်နေ့မှစကာ အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်မောင်းနှင်သွားလာရဖြစ်ရာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကစတင်၍ ယာဉ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားရှိပါတယ်။

အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်ထားရှိမရှိကို စစ်ဆေးတဲ့အခါ ၇ဝ ရာခိုင်နှုန်းလောက်သုံးလာတာတွေရတယ်။ပညာပေးကာလမှာ စစ်ဆေးတဲ့အခါ အသက်ကယ်ထိုင်ခုံခါးပတ်ပတ်မပတ်ဆိုတာစစ်ဆေးတယ်။မပတ်ထားဘူးဆိုရင် သေချာရှင်းပြပြီး ပတ်ခိုင်းပါတယ်။ကားတိုက်မှူ တွေအများဆုံးက အသက်ကယ်ထိုင်ခုံမပတ်ကြလို့ ဖြစ်ကြတာများတယ်။ပညာပေးကာလပြီးသွားရင်တော့ သတ်မှတ်ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာပါလို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးအောင်ကိုဦးက ပြောပြထားပါတယ်။

ကညန ကလည်း ၁၉၉၅ မော်ဒယ်နဲ့အထက်ကားများကို မူလစက်ရုံထုတ်ပုံစံပါရှိထားတဲ့အတိုင်း အသက်ကယ်ထိုင်ခုံခါးပတ်မပါရှိတဲ့ ကားတွေကို မှတ်ပုံတင်ပြုလုပ်ပေးမှာမဟုတ်ပဲ ယာဉ်စစ်ဆေးတာကို လုပ်ဆောင်ပေးသွားမှာမဟုတ်ဘူးလို့သိရပါတယ်။

ခေတ်သစ်

Author