School bus ကျောင်းကားစနစ် ပြေးဆွဲရန်အတွက် အရည်ကျိုစလစ်ကပ်ရန် မလိုအပ်တော့ဘဲ ရန်ကုန်လိုင်စင် ခွင့်ပြုပေးမည်

0

Full article

လာမည့် ပညာသင်နှစ်တွင် school bus ကျောင်းကားစနစ် စတင်ပြေးဆွဲရန် အိုဟောင်း အရည်ကျိုစလစ်ကပ်ရန်မလိုအပ်တော့ဘဲ ရန်ကုန်လိုင်စင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှသိရသည်။ ကျောင်းကြိုပို့ပြေးဆွဲရန် လုပ်ငန်းလုပ်ကိုင်သူများမှာ ကားအရောင်းစင်တာများမှ သတ်မှတ်ချက်နှင့်အညီ ဘယ်မောင်းကျောင်းကားများဝယ်ယူရာ၌ လက်ရှိတွင်ပြေးဆွဲနေသော ညာမောင်းကားများနှင့် အစားထိုးဝယ်ယူထားသော အထောက်အထားများကို သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံ တင်ပြလျှေက်ထားရမည်ဖြစ်ကြောင်းသိရသည်။

"အရောင်းစင်တာတွေကနေ ဘယ်မောင်းကျောင်ကားတွေကို အစားထိုးဝယ်ယူတဲ့အခါ ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ်ဖို့ မလိုအပ်တော့ဘဲ ခွင့်ပြုပေးမှာပါ။ ညာမောင်းကားတွေကနေ ဘယ်မောင်းကားအစားထိုးဝယ်တယ်ဆိုတဲ့ အထောက်အထားကိုတော့တင်ပြရမယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ school bus သတ်မှတ်ချက် ၁၂ ချက်အတိုင်း ပြေးဆွဲသွားရမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လာမည့်စာသင်နှစ်၌ ရန်ကုန်တိုင်းရှိအခြေခံပညာကျောင်းများတွင် school bus ကျောင်းကားစနစ်ဝင်ရောက်ပြေးဆွဲနိုင်ခွင့်ပြုရာ နယ်လိုင်စင် ကျောင်းကားများကို လုပ်ငန်းလိုင်စင်ခွင့်ပြုမည်မဟုတ်ဘဲ ရန်ကုန်လိုင်စင်ကားများကိုသာ ကျောင်းကားပြေးဆွဲခွင့်လုပ်ငန်းလိုင်စင် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Author

Comments