ခရီးသည် ၁ဝ ဦးနှင့်အထက် တင်ဆောင်နိုင်သော micro Bus , Mini Bus, Bus ကားများကို School bus ယာဉ်အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနမှ ထုတ်ပြန်ထားရှိသည်။ ကျောင်းကားအဖြစ် ပြေးဆွဲမည့် School Bus အမျိူးအစားများကို ဘယ်မောင်းယာဉ်များကိုသာ ခွင့်ပြုပေးမှာဖြစ်ရာ ကား၏ဆေးအရောင်မှာ အဝါရောင်ဖြစ်ရမှာ ဖြစ်ကာ ကား၏ အရှေ့အနောက် School bus စာလုံးကို ထင်ရှားစွာရေးသားထားရမှာ ဖြစ်ကြောင်း သိရပါတယ်။ ကျောင်းကားများ၏ ဘေးဘက်တွင် ကျောင်းအမည်နဲ့ ဆက်သွယ်ရန် တယ်လီဖုန်း နံပတ်များ ရေးသားထားရမှာ ဖြစ်၍ ကားပေါ်တွင် ရှေးဦးသူနာပြု First Aid box ပါရှိရမှာဖြစ်၍ ကီလို ၄ဝ ထက် ပိုမိုမောင်းနှင်ခွင့် မပြုဘူးလို့ သိရပါတယ်။ ကျောင်းကားများ တင်သွင်ရာတွင် ထိုင်ခုံတိုင်းတွင် အသက်ကယ်ထိုင်ခုံခါးပတ် မဖြစ်မနေ ပါရှိရမှာ ဖြစ်ပြီး အခြား Bus များတင်သွင်းသကဲ့သို့ ပြည်ပမှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါသည်။ ပြည်တွင်းရောက်ရှိပြီးသည့် School bus ကျောင်းကားများကိုလည်း အချက်အလက်များ ပြည့်စုံမှုရှိမှသာ ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။
ခေတ်သစ်