School bus ကျောင်းကား ရပ်နားသောနေရာတွင် ကိုယ်ပိုင်ကားနှင့် ကျောင်းကားမဟုတ်သည့် ယာဉ်များရပ်နားပါက အရေးယူမည်

0

Full article

အခြေခံပညာ ကျောင်းများရှေ့တွင် school bus ကျောင်းကားများကိုသာ ရပ်နားခွင့်ပေးမည်ဖြစ်ပြီး ကိုယ်ပိုင်ကားနှင့် ကျောင်းကားမဟုတ်သည့် ယာဉ်များ ရပ်နားပါက အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း ကျောင်းကားပြေးဆွဲရေးတွင် ပါဝင်သည့် အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက သိရသည်။

ကျောင်းများရှေ့တွင် ကျောင်းကား သီးသန့်ရပ်နားရန်အတွက် ကျောင်းကားရပ်နားရန် မျဉ်းများရေးဆွဲထားမှာဖြစ်ရာ ထိုနေရာတွင် school bus စနစ်တွင်ပါဝင်နေသော ကျောင်းကားများသာ ရပ်နားခွင့်ပြုမှာဖြစ်ပြီး ကိုယ်ပိုင်ကားများနှင့် ကျောင်းကားစနစ်တွင် မပါဝင်သော ကားများ ရပ်နားခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

"ကျောင်းရှေ့တွေမှာ ကျောင်းကားရပ်နားတဲ့ နေရာတွေ သီသန့်မျဉ်းတွေဆွဲထားမယ်။ အဲ့နေရာတွေမှာ ကျောင်းကား စနစ်ထဲမှာ ပါတဲ့ကားတွေကိုပဲရပ်ခွင့်ပေးမယ်။တစ်ခြားကားတွေ ကိုယ်ပိုင်ကားတွေ လာရပ်တာကိုတော့ အရေးယူတာတွေလုပ်သွားမှာပါ။"ဟု အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းအကြိုအပို့ ပြုလုပ်မှုများကိုလည်း သတ်မှတ်ထားသော school bus ကားများသာ အကြိုအပို့ပြုလုပ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ကျောင်းကားစနစ်ပြေးဆွဲရာတွင် school bus ယာဉ်အဖြစ်သတ်မှတ်ချက်တွင် ခရီးသည် ၁ဝ ဦးနှင့်အထက် တင်ဆောင်နိုင်သော micro bus နှင့် mini bus အမျိုးအစားကားများကိုသာ school bus ယာဉ်အဖြစ် သတ်မှတ်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။

Regulation

Author