School bus စနစ်စတင်ချိန်တွင် လိုက်ထရပ်ကားများဖြင့် ကျောင်းကားပြေးဆွဲခြင်းကို လုံးဝ ခွင့်ပြုမည်မဟုတ်

0

Full article

School bus စနစ်စတင်ချိန်တွင် လိုက်ထရပ်ကားများနှင့် ကျောင်းကားပြေးဆွဲခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA က သိရသည်။

လာမယ့် စာသင်နှစ် ကျောင်းဖွင့်ရာသီမှစ၍ school bus ကျောင်းကားစနစ်ကို ရန်ကုန်မြို့တွင်း အခြေခံပညာကျောင်းများတွင် စတင်ပြေးဆွဲပေးတော့မည်ဖြစ်ရာ သတ်မှတ်ချက်များနှင့် အညီ ယာဉ်မှတ်ပုံတင် ပြုလုပ်ရန်သတ်မှတ်ထားပြီးဖြစ်ကြောင်းသိရသည်။

"school bus ကျောင်းကားပြေးဆွဲဖို့ ဆွေးနွေးနေပါပြီ။ လာမယ့်နှစ်မှာ ကျောင်းတစ်ချို့မှာ စတင်ပြေးဆွဲဖို့လုပ်နေတယ်။ လိုက်ထရပ်ကားတွေနဲ့တော့ ကျောင်းကားပြေးဆွဲတာကို လုံးဝခွင့်ပြုမှာမဟုတ်ဘူး။"ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ Korea Trade- Investment Promotion Agency (KOTRA), Posco Daewoo Corporation တို့အကြား Hyundai ကားအမျိုးအစား အစီးရေ ၂ဝဝ ကို ကျောင်းကားအဖြစ်အသုံးပြုရန်ဝယ်ထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းလာသည့် ယာဉ်များနှင့် လက်ရှိရောက်ရှိနေသည့် လိုက်ထရပ်ကားများ ယာဉ်မှတ်ပုံတင်ခြင်းနှင့် ယာဉ်သက်တမ်းတိုးခြင်းများကို ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက school bus ယာဉ်အမျိုးအစားသတ်မှတ်ချက်အတိုင်းသာ ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Regulation

Author