လာမည့် စာသင်နှစ်မှစ၍ သတ်မှတ်ကျောင်းများတွင် school bus ကျောင်းကားစတင်ပြေးဆွဲမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် လာမည့်စာသင်နှစ်မှစ၍ အစိုးရချင်းချိတ်ဆက်မှုဖြင့်ဝယ်ယူထားသော school bus ကျောင်းကားများ စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သိရသည်။

၂ဝ၁၇ နိုဝင်ဘာလအတွင်း အခြေခံပညာကျောင်း ၃ ကျောင်းတွင် school bus ကားများ စတင်ပြေးဆွဲသွားရန် စီစဉ်ခဲ့သော်လည်း ထိုကျောင်းများတွင် ကျောင်းကြိုပို့ ဖယ်ရီကားများ လစာ ပေးဌားရမ်းထားမှုများ ကျန်ရှိနေ၍ ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"ကျောင်းကြိုပို့ ဖယ်ရီကားတွေကို လစာပေးထားတာတွေရှိလို့ မစနိုင်သေးတာပါ။ လာမယ့် စာသင်နှစ်မှာ school bus ကားတွေနဲ့ သတ်မှတ်ကျောင်းတွေမှာ စတင်ပြေးဆွဲသွားပေးသွားမယ်။ မြို့ထဲကျောင်းတွေကို အရင်စပြီး လုပ်ဖို့ စီစဉ်နေတယ်။ "ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ကသိရ သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ Korea Trade- Investment Promotion Agency (KOTRA)နှင့် Posco Daewoo Corporation တို့အကြား အစိုးရခြင်းချိတ်ချက်မှုဖြင့် Hyundai ကားအမျိူးအစား ကျောင်းကား အစီး ၂ဝဝ ကို ၂ဝ၁၇ မေလ ၁ဝ ရက်တွင် ဝယ်ယူထားရှိခဲ့ပြီး ယနေ့အထိ မပြေးဆွဲရသေးကြောင်း သိရသည်။

Regulation

Author