လိုက်ထရပ်ကား ဖြင့် ကျောင်းကား ပြေးဆွဲခြင်းကို လာ မယ့်စာသင်နှစ်ကစပြီး ခွင့်မပြု

0

Full article

လိုက်ထရပ်ကားများနဲ့ ကျောင်းကား ပြေးဆွဲခြင်းကို ထွက်ရှိထားတဲ့ School bus သတ်မှတ်ချက်အရ လာမည့်စာသင်နှစ်ကစပြီး ပြေးဆွဲခွင့်ပေးတော့မည်မဟုတ် ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ မှ သိရသည်။ "ကျောင်းကားတွေ အတွက် သတ်မှတ်ချက်ကလည်း ထွက်လာပြီ။ နောက်နှစ့်စာသင်နှစ်ကစပြီး လိုက်ထရပ်နဲ့ ကျောင်းကားဆွဲတာကို ခွင့်မပြုတော့ပါဘူး။ ကျောင်းကားတွေကို ယာဉ်မှတ်ပုံတက်ရမယ့် သတ်မှတ်ချက်တွေကလည်းထွက်လာပြီ။ နောက်ပိုင်း ဖြည်းဖြည်းခြင်းလျှော့သွားပြီး နောက်နှစ်မှာတော့ လိုက်ထရပ်ကားတွေ ကျောင်းကားဆွဲလို့မရတော့ပါဘူး။"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူအာဏာပိုင်အဖွဲ့မှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန မှ School bus ယာဉ်အဖြစ်သတ်မှတ်ချက်တွင် ခရီးသည် ၁ဝ ဦးနှင့်အထက် တင်ဆောင်နိုင်သော micro Bus , Mini Bus,

Bus အမျိူးအစား ဘယ်မောင်းကားများကိုသာ School bus ယာဉ်အဖြစ် သတ်မှတ်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။ School bus အဖြစ်သတ်မှတ်ချက်ထဲတွင် အချက် ၁၄ ချက် ဖော်ပြထားရာ ထိုသတ်မှတ် ချက်များအတိုင်း ပြေးဆွဲရတော့မှာ ဖြစ်တယ်လို့ သိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ Korea Trade- Investment promotion Agency (KOTRA),Posco Daewoo Corporation ကျောင်းကား အစီး ၂ဝဝ ကို အစိုးရချင်းချိတ်ဆက်ဝယ်ယူခဲ့ပြီး လက်ခံရရှိပြီးဖြစ်တယ်လို့ သိရသည်။

ခေတ်သစ်

Author