အောက်တိုဘာတွင် ရန်ကုန်မြို့ ကျောင်း ၂ ကျောင်း၌ ကျောင်းကား (School Bus) စနစ် စတင်ပြေး ဆွဲမည်

0

Full article

ရန်ကုန်မြို့ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သော ဒဂုံ (၁) ကျောင်းနှင့် ကမာရွတ် အထက (၂) ကျောင်းများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဝယ်ယူထားသော ကျောင်းကားများကို လာ မည့် အောက်တိုဘာလအတွင်း စတင်ပြေးဆွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ ထံမှ သိရသည်။

"ကျောင်းကားစနစ်ကို အခုလက်ရှိ ဦးစားပေးဆောင်ရွက်နေတယ်။ မှာထားတဲ့ ကားတွေလည်း ရောက်နေပြီ။ ပြေးဆွဲဖို့ပဲ ကျန်တော့တယ်။ ကျောင်းကားက အမြန်ဆုံး အကောင်အထည် ဖော် ဆောင်ရွက်ရမှာ။ ဘာလို့လဲဆိုတော့ light truck ယာဉ်တွေက ကျောင်းသားတွေပါတာတောင် အပြိုင် မောင်းနေကြတာ။ မြင်တဲ့သူတွေက မြင်ပြီးတိုင်ကြတယ်။ ဒါကြောင့် အောက်တိုဘာမှာ ပြေးဆွဲဖို့ စီစဉ် လိုက်တာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။

school bus ယာဉ်အဖြစ် အသုံးပြုရန် ပြည်ပမှ တင်သွင်းမည့် ယာဉ်များအား ကနဦးမှတ်ပုံတင် ပြုလုပ်ရာတွင် အခြား city bus ယာဉ်များကဲ့သို့ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ရာ ပြည်တွင်းသို့ ရောက်ရှိပြီးသည့် micro bus , mini bus, bus ကားများကို School bus ယာဉ်အဖြစ်ဆောင်ရွက်မည်ဆိုပါက ကျောင်းကားစနစ် သတ်မှတ်ချက်ဖြင့် ကိုက်ညီမှုရှိမှသာ ယာဉ်မှတ်ပုံတင် ခွင့်ပြုပေးမှာ ဖြစ်မည်ဟု သိရသည်။

မြန်မာနှင့် တောင်ကိုရီးယားအစိုးရတို့အကြား အစိုးရခြင်းချိတ်ဆက်မှုဖြင့် Hyundai ကားအမျိုးအစား အစီးရေ ၂ဝဝ ကို ကျောင်းကားအဖြစ် အသုံးပြုရန်မေလ ၁ဝ ရက်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဇူလိုင် ၂၇ ရက်တွင် အဆိုပါ ကျောင်းကား အစီး ၂ဝဝ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ခေတ်သစ်

Author