လာမည့် ဘဏ္ဍာနှစ်တွင် သတ်မှတ်ထားသည့် ကျောင်းကားများဖြင့် ကျောင်းကြိုပို့ ပြုလုပ်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်

0

Full article

လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ကျောင်းဖွင့်ချိန်တွင် ကျောင်းကြိုပို့ပြုလုပ်ခြင်းကို သတ်မှတ်ထားသည့် ကျောင်းကားများဖြင့် လုပ်ဆောင်ရန် အကောင်အထည်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကသိရပါတယ်။
ကိုယ်ပိုင်ကားများဖြင့် ကျောင်းကြိုပို့ပြုလုပ်နေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှူ ဖြစ်ပေါ်နေတာကို လျော့ချဆောင်ရွက်နိုင်ရန် School bus ကားများဖြင့်သာ အကြိုအပို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ကျောင်းများတွင် ကိုယ်ပိုင်ကား စီးနင်း၍ ကျောင်းတက်/ဆင်း ပြုလုပ်နေရာ ကျောင်းချိန်အတွင်း ယာဉ်ကြောပိတ်ဆို့မှူပိုမိုဆိုးရွားလာနေသည်။အချို့ကျောင်းကားများမှာ ကျောင်းသားများစီးနင်းရာတွင် အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ကျောင်းကားစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်ပိုင်ကားတွေနဲ့ ကျောင်အကြိုအပို့ လုပ်နေတာလည်းပါတယ်။ ကျောင်းဖွင့်ရာသီဆိုရင် ယာဉ်ကြောပိတ်ဆို့မှူက ပိုပြီးဖြစ်နေတယ်။ကျောင်းကား စနစ်ကို လာမည့်နှစ်မှာ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့လျှာထားပါတယ်။ကျောင်းကား ဆိုတာက သတ်မှတ်ချက်တွေနဲ့ ပြေးဆွဲမယ့်ကျောင်းကားကိုဆိုလိုတာပါ။ဖြစ်သလို ကျောင်းကားဆိုပြီးတံဆိပ်ကပ်လို့မရပါဘူး။ကျောင်းသားတွေ အန္တရာယ်ကင်းရှင်းဖို့နဲ့ safety ဖြစ်ဖို့အဓိကပါလို့ အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲဝင်တစ်ဦးက ပြောကြားပါတယ်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှူပိုမိုဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အကြောင်းအရင်းတစ်ချက်မှာ ကျောင်းတက်ကျောင်းဆင်းချိန်တွင် ကိုယ်ပိုင်ကြိုပို့ ကားများကြောင့်လည်း ပါဝင်နေသည်ဖြစ်သည်။

ခေတ်သစ်

Photo Credit

Author