စာသင်ကျောင်းများရှေ့ယာဉ်နှစ်ထပ်ရပ်နားသော ကားများ ၂ဝ၁၅ မော်တော်ယာဉ်ဥပဒအရ အရေးယူမည်

0

Full article

အခြေခံပညာ ကျောင်းများရှေ့တွင် ယာဉ်နှစ်ထပ်ရပ်နားသော ကားများ ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ယခု စာသင်နှစ်ကစပြီး စာသင်ကျောင်းများရှေ့တွင် ကျောင်းကားစနစ် သတ်မှတ်ထားသော ကားများကိုသာ အဓိက ရပ်နားခွင့်ပေးသွားမည်ဖြစ်ရာ ကျောင်းများရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် ယာဉ်ထိန်းတပ်ဖွဲ့များအားဖြည့် ထား၍ စည်ကမ်းမဲ့ရပ်နားထားသော ယာဉ်များကို အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

" စာသင်ကျောင်းရှေ့တွေမှာ ယာဉ်နှစ်ထပ်ရပ်တာတွေကို ထိထိရောက်ရောက် အရေးယူမှုပြုလုပ်မယ်။ အရေးယူတာတော့ ၂ဝ၁၅ မော်တော်ယာဉ်ဥပဒနဲ့ အရေးယူမှာပါ။ ယာဉ်ကြောပိတ်ဆို့တာတွေ မဖြစ်ဖို့ ယာဉ်ထိန်း တပ်ဖွဲ့ဝင်တွေ ချထားပြီး ဖယ်ရှားရှင်းလင်းတာတွေလည်း လုပ်သွားမှာပါ။ "ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်မှူးအရာရှိက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းများတွင် လိုက်ထရပ်ကားများဖြင့် ကျောင်းအကြို၊ အပို့ပြုလုပ်မှုများကို မော်တော်ယာဉ်ဥပဒေအရ အရေးယူသွားမှာဖြစ်ရာ တက္ကစီကားများ၊ ကိုယ်ပိုင်ကားများနှင့် ကျောင်းအကြိုအပို့ ပြုလုပ်မှုအား ရပ်တင်ချစနစ် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

Law Enforcement

Author