ကျောင်းကြိုပို့ ကားများကို လာမည့်ကျောင်းဖွင့်ရာသီတွင် စနစ်တကျပြေးဆွဲနိုင်ရန် လုပ်ဆောင်မည်

0

Full article


ရန်ကုန်မြို့အတွင်း ကိုယ်ပိုင်ကားများဖြင့်ကျောင်းကြိုပို့လုပ်နေသည့်အတွက် ကျောင်းတက်/ဆင်းအချိန်များတွင် ယာဉ်ကြောပိတ်ဆို့မှူများ ပိုမိုဖြစ်ပေါ်နေလျှက်ရှိသဖြင့်ကျောင်းကြိုပို့ကားများကို စနစ်တကျပြေးဆွဲနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချူ ပ်က ပြောသည်။ကျွန်တော်ဒီသတင်းစာ ရှင်းလင်းပွဲကို လာတဲ့လမ်းမှာပဲ ဒဂုံ(၁)ကျောင်းရှေ့မှာ အဖြူ အနီတားထားတဲ့လမ်းပေါ်မှာ ကားတွေရပ်ထားပါတယ်။အဲ့ဒီလမ်းမမှာyJ နှစ်ထပ်ရပ်ထားတွေတွေ့ရပါတယ်။ပညာတက်ကြီးများ တစ်ကယ့်ကို အချမ်းသာဆုံးပဂ္ဂိုလ်များရဲ့ သားသမီးများကျောင်းထားရာနေရာမှာ ကျောင်းကြိုပို့လာလုပ်နေတဲ့သူတွေကိုယ်တိုင်က ကိုဒီလိုရပ်ထားတာကို ဂုဏ်ရှိတယ်လို့များ ယူဆနေမလားပေါ့ဟု ရန်ကုန်တိုင်း ဝန်ကြီးချူ ပ်က ပြောခဲ့သည်။

ကိုယ်ပိုင် ကျောင်းကြိုပို့ကားများလုပ်နေမှူများကြောင့်ယာဉ်ကြောကြပ်တည်းမှူပိုမိုဖြစ်ပွားနေသည့်အတွက် နိုင်ငံတကာတွင် ကျောင်းကား School bus စနစ်ဖြင့် လာမည့်ကျောင်းဖွင့်ရာသီတွင်ပြေးဆွဲရန်လျာထားကြောင်းသိရသည်။

ရန်ကုန်တိုင်းတွင်ကျောင်းပေါင်း ၂၃ဝ ကျော်ရှိနေရာ ကိုယ်ပိုင်ယာဉ်နဲ့ ကျောင်းကြိုပို့ပြုလုပ်တဲ့ အစီးရေ ၅ဝဝဝကျော်ရှိတယ်လို့ သိရပါတယ်။

ခေတ်သစ်

Author