ကျောင်းကား စနစ်တွင်အသုံးပြုရန် Hyundai အမျိူ.းအစား ကား အစီး ၅ဝ ယခုလကုန်တွင် ရောက်မည်

0

Full article

![](/redline/content/images/2017/05/ff-300x166.jpg)

ကျောင်းကားစနစ်တွင် အသုံးပြုရန် Hyundai အမျိူ းအစား ကား အစီး ၅ဝ ယခုလကုန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ့အာဏာပိုင်အဖွဲ့မှ သိရပါတယ်။ကျောင်းကားအသုံးပြုဖို့ ပထမအသုတ်အနေနဲ့ ကိုးရီးယားနိုင်ငံကားအစီး ၅ဝ ဒီလကုန်မှာ ရောက်မှာဖြစ်ပါတယ်။ကားအစီးရေ ၂ဝဝ ဝယ်ယူဖို့လုပ်ထားတာပါ။နောက်ထပ်ကားအစီးရေ တွေက လည်း မကြာခင်ရောက်လာဖို့ ရှိပါတယ်။ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ကိုးရီးယားနိုင်ငံထုတ် Hyundai ကားအမျိူ.းအစားသည် ၂၉ ယောက်စီးကားများဖြစ်ပြီး

ကားအစီးရေ ၅ဝ ကို ကိုးရီးယားနိုင်ငံဆိပ်ကမ်းမှတစ်ဆင့် တင်ပို့လိုက်ပီဖြစ်ကြောင်း THE DOLG -A ILBo သတင်းဌာနက ဖော်ပြထားရှိရာကျန်ရှိနေသည့် အစီးရေ ၁၅ဝ ကို ဇွန်လတွင် သင်္ဘောတင်ပို့ဆောင်မည် ဖြစ်ကြောင်းသိရသည်။ ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းမှုကို ဖြေလျှော့နိုင်ရန် စာသင်ကျောင်း ၂၂ ကျောင်းတွင် ကျောင်းကားစနစ်ကို အကောင်အထည်ဖော်သွားရန် ရန်ကုန်တိုင်းဒေသကြီအစိုးရ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး လာမည့် စာသင်နှစ်မှစ၍ ကျောင်းကားစနစ်စတင်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရပါတယ်။

ခေတ်သစ်

Photo Credit

Author