ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၂ ခုတွင် လာမည့်စာသင်နှစ် ဇွန် ၁ ကစ၍ ကျောင်း ကားစနစ်အတွက် စီးနင်းခ တစ်လကို ၃သောင်း၅ထောင်ကနေ ၇သောင်း အထိ သတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သိရသည်။
ကျောင်းကားစနစ်သစ်ကို စတင်ပြေးဆွဲပေးသွားမည့် ကျောင်းများမှာ ကမာရွတ် TTC နှင့် ရန်ကင်း TTC ကျောင်း ၂ ခုမှာ စတင်ပြေးဆွဲသွားမည်ဖြစ်ပြီး မြို့နယ်အလိုက် ဈေးနှုန်းအနည်းအများ ကျသင့်မည်ဖြစ်ရာ အနီးစပ်ဆုံး မြို့နယ်ကို ၃သောင်း၅ထောင် သတ်မှတ်ထား၍ မြောက်ဒဂုံ မြို့နယ်ကိုတော့ ၇သောင်း အထိ သတ်မှတ်ထားရှိကြောင်း သိရသည်။
"ဒီနှစ် စာသင်နှစ် ဇွန် ၁ ရက်မှာ စာသင်ကျောင်း၂ ခုမှာ စပြီး ပြေးဆွဲပေးမယ်။ အပြင်မှာ ထွက်နေတဲ့ ကျောင်းကားဈေးနှုန်းတွေလိုတော့မဟုတ်ဘူး။ မြို့နယ်အကွာအဝေးအလိုက် ကျောင်းကားစီးခ သတ်မှတ်ထားတယ်။ အနည်းဆုံး ဈေးက ၃သိန်သောင်း၅ထောင်က စတယ်။ ၄သောင်း ပေးရမှာလည်းရှိတယ်။ လိုက်ထရပ်ကားတွေတွေ ကျောင်းကား ဆွဲတာ ခွင့်မပြုဘူး။"ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
School bus ယာဉ်အဖြစ် အသုံးပြုရန် ပြည်ပမှ တင်သွင်းမည့် ယာဉ်များကို ကနဦးမှတ်ပုံတင် ပြုလုပ်ရာတွင် အခြား city bus ယာဉ်များကဲ့သို့ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ရာ ပြည်တွင်းသို့ ရောက်ရှိပြီးသည့် micro bus, mini bus, bus ကားများကို school bus ယာဉ်အဖြစ်ဆောင်ရွက်မည်ဆိုပါက လက်ရှိသတ်မှတ်ထားသည့် ကျောင်းကား သတ်မှတ်ချက်ဖြင့် ကိုက်ညီမှုရှိမှသာ ယာဉ်မှတ်ပုံတင် ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။
Public Transportation