Full article

အရှေ့တောင်အာရှ၏ အကြီးဆုံး SCANIA Office & Services Center ကို စက်တင်ဘာ ၁ဝ ရက်က အမှတ် ၃၇၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ မြကြာညိုလမ်းနှင့် မြကတီပါလမ်း၊ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။

SCANIA

ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီဖြစ်သော Octagon International Services Co.,Ltd ကို ၂ဝဝ၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆွီဒင်နိုင်ငံရှိ SCANIA ကုမ္ပဏီ၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ၂ဝဝ၇ ခုနှစ်မှ စတင်ကာ အဆင့်မြင့်လုပ်ငန်းသုံးယာဉ်များဖြစ်သော ဘတ်စ်ကားများ၊ ထရပ်ကားများ၊ မီးစက်များ တင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသည်။

Octagon ကုမ္ပဏီသည် ၂ဝ၁၃ နှစ်ဆန်းပိုင်းမှစ၍ မြေ ၁ဝ ဧကနှင့် အဆောက်အအုံ စတုရန်းမီတာ ၃၅ဝဝ အကျယ်တွင် အရှေ့တောင်အာရှတွင် အကြီးဆုံးသောရုံးနှင့် ဝန်ဆောင်မှုပေးနိုင်သော SCANIA Office & Services Center ကို တည်ဆောက်ခဲ့ပြီး ယခုလ ၁ဝ ရက်နေ့၌ ဖွင့်လှစ်ခဲခြင်းဖြစ်သည်။

ထို Service Center တွင် Sale Center ၊ Training Center ၊ Warehouse ၊ Scania Shop ပါရှိပြီး Services Center တွင် Maintenance ၁၄ နေရာ၊ Damange Repair ၄ နေရာ၊ Service ၄ နေရာအဖြစ် စုစုပေါင်း ၂၂ နေရာ၌ တပြိုင်နက်ပြုပြင်ပေးနိုင်ကြောင်း သိရသည်။

ယခုအခါတွင် မြန်မာနိုင်ငံတွင် SCANIA Bus အသစ် နှစ်ရာခန့် ရောက်ရှိပြီး စုစုပေါင်းအစီးရေ သုံးရာခန့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Auto Mobile Weekly Journal မှကူးယူဖော်ပြသည်။

Photo credit by Alias 0591

Author