Saloon ကားနှင့် မီနီဘတ်စ် ကားများကို ၂ဝ၁၈ တွင် စတင်ထုတ်လုပ်သွားရန် ရှိနေ

0

Full article

ထိုင်းနိုင်ငံ Bangkok မြို့ရှိ Toyota Ban Pho စက်ရုံ၌ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်နေပုံ။

ပြည်တွင်းတွင် မော်တော်ယာဉ်ထုတ်လုပ် တပ်ဆင်နိုင်ရန်အတွက် လာရောက် တင်ပြထားသော ကားကုမ္ပဏီများရှိနေပြီးမကြာမီ saloon ကားများနှင့် မီနီဘတ်စ် ကားများကို ၂ဝ၁၈ ခုနှစ်တွင် စတင်ထုတ်ထုတ်လုပ်သွား မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနကနေ သိရပါသည်။

ထိုသို့ မော်တော်ကားထုတ်လုပ်မှုကို စက်မှုဝန်ကြီးဌာနနှင့် ပြည်တွင်းကားထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုပူးပေါင်း၍ လုပ်ဆောင်သွားမည်ဖြစ်ရာ ကားထုတ်လုပ်မည့် မြေနေရာကို စက်မှုဝန်ကြီးဌာန ပိုင်မြေနေရာဖြစ်သော ထောက်ကြန့်တွင် လျှာထားကြောင်း သိရသည်။

"ပြည်တွင်းမှာ ကားထုတ်လုပ်ဖို့က saloon ကား နဲ့ မီနီဘတ်စ် ကားတွေ ထုတ်လုပ်ဖို့ဆွေးနွေးနေတာတော့ ရှိပါတယ်။ စပြီးထုတ်လုပ်မယ် ဆိုရင် ၂ဝ၁၈ မှာ စတင်သွားဖို့ရှိပါတယ်။ "ဟု စက်မှုဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

လက်ရှိ ပြည်တွင်းတွင် SKD ( Semi Knocked Down) မော်တော်ကားထုတ်လုပ်တပ်ဆင်မှု ၆ ခုအထိ ရှိနေပြီး လုပ်ငန်းသုံး ကားများ ထုတ်လုပ်မှု မပါဝင်သေးကြောင်း သိရပါသည်။

ပြည်တွင်းတွင် အရည်အသွေး မြင့်ကားများထုတ်လုပ်နိုင်ရန်နှင့် ကားထုတ်လုပ်မှုအပိုင်းများ စနစ်တကျရှိစေရန် မော်တော်ကားထုတ်လုပ်ရေး ဥပဒေကိုလည်း ရေးဆွဲနေလျှက်ရှိရာ ၂ဝ၁၈ တွင် ထုတ်ပြန်သွားမှာ ဖြစ်ကြောင်းလည်းသိရ သည်။

M-01

Author