အရောင်းစင်တာ consignment ပါမစ်များ လာမည့် ဒီဇင်ဘာတွင် နောက်ဆုံးလျှောက်ထားခွင့်ပေးမည်

0

Full article

Zawgyi ၂ဝ၁၈ အတွက် ကားတင်သွင်းခွင့် ပါမစ်အား ဒီဇင်ဘာလတွင် နောက်ဆုံးလျှောက်ထားခွင့်ပေးမည်ဖြစ်ရာ လာ မည့်အပတ်တွင် ကြေငြာထုတ်ပြန်ပေးသွားမှာ ဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနထံကနေ သိရပါသည်။ယာဉ်အို၊ ယာဉ်ဟောင်းအစီအစဉ် အရောင်းစင်တာ Consignments စနစ်ဖြင့် ကားတင်သွင်းခြင်းကို လာမယ့်နှစ်တွင် ၂ဝ၁၄ မိုဒယ်ကနေ ၂ဝ၁၈ မိုဒယ်အထိ တင်သွင်းခွင့်ပြုထားပြီး ၂ဝ၁၇ ကားတင်သွင်းခွင့်မိုဒယ်အတိုင်း သက်တမ်းတိုး တင်သွင်းခွင့်ပြုသွားမည်ကြောင်း သိရပါသည်။

"လာမယ့်အပတ်လောက်မှာ ပါမစ်တွေ သက်တမ်းတိုးပေးတာကို ကြေငြာပေးသွားမှာပါ။ ဒီဇင်ဘာတော့ နောက်ဆုံးလျှောက်ထားခွင့်ပေးသွားပါမယ်။"ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်တင်သွင်းမှု ပါမစ်လျှောက်ထားရာတွင် personal ပါမစ်ကလွဲပြီး အခြားပါမစ် သက်တမ်းတိုးခြင်း ကို ပထမအကြိမ် ၃ လ ၊ ဒုတိယအကြိမ် ၂ လ ၊ တတိယအကြိမ် ၁ လ စုစုပေါင်း ၆ လ ခွင့်ပြုပေးလျှက်ရှိပြီး နှစ်မကုန်ခင် ပါမစ်သက်တမ်းတိုးခြင်း အရေအတွက်များပြားလာရာ ကန့်သတ်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရ ပါသည်။

Author