လုံခြုံရေးခါးပတ် (Safety Seat Belt) ကို ဘာကြောင့် ဝတ်ဆင်သင့်ပါသလဲ

0

Full article

လူတိုင်းသိရှိသော်လည်း သတိထားမလုပ်ဆောင်မိသည့် အရာတစ်ခုမှာ ကားမောင်းနေစဉ် လုံခြုံရေး ခါးပတ်မပတ်မိခြင်းပဲဖြစ်ပါသည်။ မြို့တွင်းပဲဖြစ်ဖြစ်၊ အဝေးပြေးလမ်းကို မောင်းလျင်ပဲဖြစ်ဖြစ် ထိုင်ခုံ ခါးပတ်ပတ်ရန် လွန်စွာမှ အရေးကြီးပါသည်။ ရန်ကုန်ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တစ်ခုကို ကျွန်တော်ဖတ်မိသည့်အခါ အံ့အားသင့်သွားခဲ့ပါသည်။ ၂ဝ၁၇ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးထိုင်ခုံခါးပတ်မဝတ်သောကြောင့် ဖမ်းစီးအရေးယူသည့် ကား ပေါင်း ၁ဝ၃၈ စီးရှိသော အချက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ယခုစာစုတွင် လုံခြုံရေးခါးပတ်ကို သေသပ် ကျနစွာ ဝတ်ဆင်ဖို့လိုအပ်ကြောင်းနှင့် အသက်ကယ် လုံခြုံရေးခါးပတ် ဝတ်ဆင်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးငါးမျိုးကို သုံးသပ်ဖော်ပြပေးသွားမည်ဖြစ်သည်။ လုံခြုံရေးခါးပတ်ကို ဝတ်သည့်အခါ ထိုင်ခုံ၊ မိမိခန္တာကိုယ်တို့နှင့် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိရ ပါမည်။ အံဝင်ခွင်ကျမှုရှိအောင် ချိန်ညှိခြင်းသည် လုံခြုံရေးခါးပတ်ကို ဝတ်သလောက်နီးပါး အရေးကြီး ပါသည်။ သင့်ခါးကိုပတ်သွားသည့် ကြိုးမှာ သင့်တင်ပါး နှင့် ပေါင်ရင်းပိုင်းတို့၏ အထက်တွင် အံဝင်ခွင် ကျရှိနေသင့်ပါသည်။ ခါးပတ်မှာ ဝမ်းဗိုက်ပိုင်းနားတွင် ဝတ်ဆင်ထားပါက ယာဉ်မတော်တဆ ထိခိုက်မှု ဖြစ်ပွားလျှင် ပြင်းထန်သော ဒဏ်ရာများ ရရှိစေနိုင်သည်။ ပခုံးသိုင်းကြိုးသည်လည်း သင့်ပခုံးနှင့် ရင်အုံ ကြားထဲတွင် ကျကျနန လုံခြုံစွာ ရှိနေသင့်ပါသည်။ ယင်းသိုင်းကြိုးကို (ကျော)အနောက်ဘက်နှင့် လက်အောက်တို့တွင် မထားမိရန် လွန်စွာအရေးကြီးပါသည်။ ယင်းသို့ထားရှိပါက ပြင်းထန်သော ဒဏ် ရာများရရှိစေနိုင်သောကြောင့်ဖြစ်ပါသည်။ လုံခြုံရေးခါးပတ်သည် ယာဉ်မောင်းသူနှင့် လိုက်ပါစီးနင်းသူများ ဆိုးဆိုးရွားရွာ ထိခိုက်မှုမျိုးမဖြစ်အောင် နည်းလမ်းငါးမျိုးဖြင့် အကာအကွယ်ပေးထားပါသည်။• ယာဉ်မောင်းသူနှင့် လိုက်ပါစီးနင်းသူများ မော်တော်ယာဉ်အတွင်းတွင် ရှိနေစေခြင်း။ ယာဉ်မတော်တထိခိုက်မှုဖြစ်ပွားသည့်အခါ ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ မော်တော် ယာဉ်အတွင်းမှ လွင့်မထွက်သွားဖို့မှာ အထူးပင်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် သုတေသနပြုချက်အရ မော်တော်ယာဉ်အတွင်း ကျန်ရှိနေခဲ့သူသည် လွင့်စင်ထွက်သွားသူထက် လေးဆနီးပါ အသက် ရှင်ကျန်ရစ်ဖို့ အခွင့်အလမ်းများခြင်းကြောင့်ဖြစ်သည်။ • ကိုယ်ခန္တာ၏ အသန်မာဆုံးသော အစိတ်အပိုင်းများကို ထိန်းချုပ်ထားခြင်း။ လုံခြုံရေးခါးပတ်သည် သင့်ခန္တာကိုယ်၏ အသန်မာဆုံးသော အစိတ်အပိုင်းများကို ထိန်းချုပ်ထား ပါသည်။ ကလေးများ(၅နှစ်အထက်) နှင့် အရွယ်ရောက်သူများအတွက်တော့ ယင်းအစိတ်အပိုင်း များမှာ တင်ပါးနှင့်ပုခုံးများဖြစ်ပြီး လုံခြုံရေးခါးပတ်က ယင်းတို့ကို ထိန်းချုပ်ထားခြင်းဖြစ်ပါသည်။ • ယာဉ်မတော်တဆထိခိုက်မှုမှ ဖြစ်ပေါ်လာသော သက်ရောက်မှုများကို ကာကွယ်ပေးခြင်း။ လုံခြုံရေးခါးပတ်သည် ယာဉ်မတော်တဆထိခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် သက်ရောက်အားကိုမဆို ကာကွယ်ပေးပါသည်။ ပုခုံးသိုင်းကြိုးသည် မော်တော်ယာဉ်ကို ရုတ် ချည်းရပ်လိုက်လျှင်ပဲ ဖြစ်ဖြစ်၊ တခြားယာဉ်တစ်စီးမှ လာတိုက်သည်ပဲဖြစ်ဖြစ် သင်၏ ဦးခေါင်းနှင့် ခန္တာကိုယ်အထက်ပိုင်းကို ဒိုင်ခွက်၊ စတီယာရင်ဘီးနှင့် အခြားသော ကားအတွင်းခန်းက မာကျော သော ပစ္စည်းများနှင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါသည်။ • သင့်ခန္တာကိုယ်လှုပ်ရှားမှုကို နှေးသွားစေရန် အထောက်အကူပြုခြင်း။ ယာဉ်မတော်တဆထိခိုက်မှုကို ဖြစ်စေသော အဓိကအကြောင်းအရင်းမှာ မော်တော်ယာဉ်အရှိန် ကို ရုတ်ချည်းမြှင့်တင်မှုကြောင့်ပင်ဖြစ်ပါသည်။ သင့်ကား အတိုက်ခံရလျှင်ဖြစ်ဖြစ် (သို့မဟုတ်) သင့်ကားက တိုက်မိသည်ဖြစ်ဖြစ်၊ ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပေါ်လာပါက စိတ်လှုပ်ရှားကာ ရုတ်ချည်း အရှိန်ကိုမြှင့်တင်လေ့ရှိပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် လုံခြုံရေးခါးပတ် သည် ထိခိုက်ပျက်စီးမှုအမြင့်ဆုံး မဖြစ်ပေါ်စေရန် သင်၏ လှုပ်ရှားမှု (သို့မဟုတ်) အရှိန်ကို နှေး သွားအောင် အကူအညီပေးပါသည်။ • ဦးနှောက်နှင့် ကျောရိုးကို ကာကွယ်ပေးခြင်း။ လုံခြုံရေးခါးပတ်သည် ဦးနှောက်နှင့် ကျောရိုး အစရှိသည့် ခန္တာကိုယ်၏ အရေးကြီးသည့်နေရာ များကို ကာကွယ်ပေးထားပါသည်။ ခေါင်းဒဏ်ရာမှာ ချက်ခြင်းတွေ့မြင်နိုင်ဖို့ ခက်ခဲနိုင်သော် လည်း အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ ထိုနည်းအတူ ကျောရိုးဒဏ်ရာမှာလည်း ဆိုး ရွားသောအကျိုးဆက်များ ရှိနိုင်ပါသည်။ ရန်ကုန်ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ ၂ဝ၁၇ တွင် ယာဉ်မတော်တဆဖြစ်ပွားမှု ၂၅၇၁ ခုရှိပြီး ဒဏ်ရာရသူ ၃၂၆၃ဦးနှင့် သေဆုံးသူ ၅၉၉ ဦးရှိပါသည်။ လုံခြုံရေးခါးပတ် မဝတ်ဆင်မှုကြောင့် လူများစွာ နှစ်စဉ် သေဆုံးဒဏ်ရာရရှိလျက်ရှိပါသည်။ လုံခြုံရေးခါးပတ်မှာ တကယ့် အသက်ကယ် ပစ္စည်းပင် ဖြစ်ပါသည်။ လုံခြုံရေးခါးပတ်ဝင်ဆင်ထားပါက အထက်ဖော်ပြပါ အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ရာ ယာဉ်မောင်းနှင်းစဉ်အတွင်း ယာဉ်မောင်းရော၊ လိုက်ပါစီးနင် သူများပါ လုံခြုံရေးခါးပတ်ကို မဖြစ်မနေ တပ်ဆင်သင့်ပါကြောင်း တိုက်တွန်းအသိ ပေးအပ်ပါသည်။လူကြီးမင်းတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို မဆုံးရှုံးမနစ်နာရအောင်အတွက် အလုံးစုံအာမခံနှင့် ပက်သက်လို့ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက https://www.carsdb.com/my/pages/insurance/premium-calculator တွင် ဖောင်ဖြည့်ပြီး စုံစမ်းနိုင်သလို Hotline No – 09 426066619 ကို ဆက်သွယ်၍ မေးမြန်းနိုင်ပါတယ်။

Author