RUPES Bigfoot Paint Polishing Seminar

0

Full article

Detailing လောက၏ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်သည့် Italy နိုင်ငံထုတ် RUPES Bigfoot Paint Polishing Seminar ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် Sule Shangri-La, Yangon (ballroom 1) တွင် ကျင်းပခဲ့သည်။

RUPES Bigfoot Paint Polishing Seminar ပွဲတွင် Jason Rose မှ တက်ရောက်လာသူများအား polishing နှင့်ပတ်သက်သည့် compound များရွေးချယ်ခြင်း၊ Pad ရွေးချယ်ခြင်း၊ polishing technique များ ရှင်းလင်းပြောပြခဲ့သည်။ ထို့နောက် polishing tools များအသုံးပြုပုံ၊ ကွာခြားချက်နှင့် အသုံးပြုပုံနည်းစနစ်များ၊ pad များအသုံးပြုပုံနှင့် ကွာခြားချက်များ၊ polish တိုက်ရာတွင် အခြေခံအချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် နည်းစနစ်များကို အသေးစိတ်သင်ကြားပေးခဲ့သည်။ ထို့နောက် RUPES ၏ ထုတ်ကုန်များကို မိတ်ဆက်တင်ပြခဲ့ပြီး Jason Rose မှ RUPES BigFoot စက်ပစ္စည်းနှင့်ဆေးများအသုံးပြုနည်းကို သင်ကြားပေးခဲ့ပြီး တက်ရောက်လာသူများအား ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်စေခဲ့ကာ Jason Rose မှ certificate များပေးအပ်ခဲ့သည်။

RUPES ထုတ်ကုန်များသည် ကျစ်လျစ်သပ်ရပ်သောတည်ဆောက်မှု၊ ပေါ့ပါးသောကိုယ်ထည်တို့ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသောသည့် စွမ်းဆောင်ရည်မြင့်များသော Rotary Polisher ဖြစ်ပြီး ပေါ့ပါးကျစ်လစ်မှုတို့ကြောင့် မော်တော်ယာဉ် အနုစိပ်သန့်စင်ခြင်းလုပ်ငန်းများ၊ ဘော်ဒီ ဆေးမှုတ်လုပ်ငန်းများ၊ ရေယာဉ်များနှင့် အခြားစက်မှုလုပ်ငန်းများတွင်လည်း လွန်စွာအသုံးတည့်သည်ဟု ဆိုသည်။

Reporter : Zing

Author

Comments