သတ်မှတ်စည်းကမ်းချက်နှင့် မကိုက်ညီသော ကားအရောင်းစင်တာများကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးတွင် ကားအရောင်းစင်တာလုပ်ငန်းလိုင်စင်မရှိသော သတ်မှတ်စည်းကမ်းချက်ဖြင့် မကိုက်ညီသည့် ကားအရောင်းစင်တာများကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားရန်ရှိနေကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီကနေ သိရသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားရာတွင် အရောင်းစင်တာများဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများအနက်မှ သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များဖြင့် ကိုက်ညီမှုမရှိသည့် ကုမ္ပဏီများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကားအရောင်းစင်တာတွေ လိုက်စစ်တဲ့အခါ ကားအစီးရေမပြနိုင်တာတို့ ၊ကားရောင်းချတဲ့နေရာတွေလည်းမရှိတာတို့ကို အရေးယူဆောင်ရွက်ဖို့ သတ်မှတ်ထားတာပါ။ မန္တလေးမှာရှိတဲ့အရောင်းစင်တာတွေတော့ပိတ်သိမ်းတာတွေလုပ်ပြီးသွားပြီ။ရန်ကုန်စည်ပင်ပိုင်နေရာမှာ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းလိုင်စင်မရှိတဲ့ အရောင်းစင်တာတွေကို အရေးယူတာတွေလုပ်သွားမယ်။"ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလောလောဆယ် ကားအစီးရေစစ်ဆေးမခံနိုင်သည့် ကုမ္ပဏီ ၁၃ ခုနှင့် ကားအစီးရေ ပျောက်ဆုံးလျက်ရှိသည့် ကုမ္ပဏီ ၄ ခုတို့ကို အခွန်ကိစ္စများရှင်းလင်းစေ၍ အရောင်းစင်တာများပိတ်သိမ်းသွားရန် သတ်မှတ်ထားပြီးဖြစ်ကြောင်းသိရသည်။

ထို့အပြင် သတ်မှတ်စည်းကမ်းချက်များဖြင့် မကိုက်ညီသော ကားအရောင်စင်တာ ဖွင့်လှစ်ထားသည့် ကုမ္ပဏီ ၇၇ ခုကို အခွန် ကိစ္စရှင်းလင်းခြင်းနှင့် ရောက်ရှိ၊ရောင်းချ ၊ ငွေလွဲလက်ကျန် စာရင်းရှင်းလင်းခြင်းတို့ကို ပြုလုပ်၍ အရေးယူထာပြီး ရန်ကုန်မြို့စွန် စည်ပင်ပိုင်မြေနေရာများတွင် ကားအရောင်းစင်တာဖွင့်လှစ်နေမှုများကိုလည်း ထပ်မံအရေးယူဆောင်ရွက်သွားရန်ရှိ်ကြောင်းသိရသည်။

Law Enforcement
Update News

Author